ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 3:24-36 Common Language Bible (BCL)

24. (ထို​အ​ခါ​က​ယော​ဟန်​ထောင်​မ​ကျ​သေး​ချေ။)

25. ယော​ဟန်​၏​တ​ပည့်​အ​ချို့​တို့​သည်​သန့်​ရှင်း ခြင်း​မင်္ဂ​လာ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယု​ဒ အ​မျိုး​သား​တစ်​ယောက်​နှင့်​အ​ငြင်း​ပွား ကြ​၏။-

26. သို့​ဖြစ်​၍​သူ​တို့​သည်​ယော​ဟန်​ထံ​သို့​လာ​ပြီး လျှင် ``ဆ​ရာ​တော်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း တွင်​ဆ​ရာ​တော်​၏​ထံ​သို့ လာ​ရောက်​ခဲ့​ဖူး​သူ လူ​တစ်​ယောက်​ကို​သ​တိ​ရ​ပါ​သ​လော။ သူ​၏ အ​ကြောင်း​ကို​ဆ​ရာ​တော်​သက်​သေ​ခံ​ခဲ့​ဖူး ပါ​၏။ ယ​ခု​သူ​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး လျက်​နေ​ပါ​သည်။ လူ​အ​ပေါင်း​တို့​သည်​လည်း သူ့​ထံ​သို့​လာ​လျက်​နေ​ကြ​ပါ​၏'' ဟု​လျှောက် ၏။

27. ယော​ဟန်​က ``ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မ​မူ လျှင် လူ​သည်​အ​ဘယ်​အ​လုပ်​တာ​ဝန်​ကို​မျှ မ​ခံ​မ​ယူ​နိုင်။-

28. ငါ​သည်​မေ​ရှိ​ယ​မ​ဟုတ်။ ထို​အ​ရှင်​၏​ရှေ့​တော် ပြေး​မျှ​သာ​ဖြစ်​၏။ ယင်း​သို့​ဖြစ်​ကြောင်း​သင် တို့​အား ငါ​ပြော​ကြား​ခဲ့​သည်​ကို​သင်​တို့ ကိုယ်​တိုင်​ပင်​သက်​သေ​ဖြစ်​ကြ​၏။-

29. မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သိမ်း​ပိုက်​ရ သူ​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သား​ဖြစ်​၏။ သ​တို့ သား​၏​မိတ်​ဆွေ​သည်​ကား​အ​ဆင်​သင့်​စောင့် ဆိုင်း​ကာ သ​တို့​သား​၏​အ​သံ​ကို​နား​ထောင် လျက်​နေ​၏။ သူ​သည်​သ​တို့​သား​၏​အ​သံ​ကို ကြား​သော် လွန်​စွာ​အား​ရ​ဝမ်း​မြောက်​သ​ကဲ့ သို့ ငါ​သည်​လည်း​အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​ရ လေ​ပြီ။-

30. ထို​အ​ရှင်​သည်​တိုး​တက်​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ရ​မည်'' ဟု​ဆို​၏။

31. ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် သည်​အ​လုံး​စုံ​တို့​ထက်​ကြီး​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​မှ​ပေါက်​ဖွား​သူ​သည်​ကမ္ဘာ​မြေ ကြီး​သား​ဖြစ်​၍ မြေ​ကြီး​နှင့်​ဆိုင်​သော အ​ကြောင်း​အ​ရာ​များ​ကို​ပြော​တတ်​၏။-

32. ထို​အ​ရှင်​သည်​မိ​မိ​မြင်​ခဲ့​ကြား​ခဲ့​ရ​သော အ​ရာ​များ​အ​ကြောင်း​ကို​ဟော​ပြော​တော်​မူ သော်​လည်း ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို အ​ဘယ်​သူ​မျှ​လက်​မ​ခံ​ကြ။-

33. ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို​လက်​ခံ​သော သူ​မူ​ကား​ယင်း​သို့​လက်​ခံ​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​သည်​သစ္စာ​တော်​ရှင်​ဖြစ်​ကြောင်း​ကို သက်​သေ​ခံ​သူ​ဖြစ်​၏။-

34. ဘု​ရား​သခင်​သည်​မိ​မိ​စေ​လွှတ်​တော်​မူ​သော​သူ အား​ဝိ​ညာဉ်​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး​တော် မူ​သည်​ဖြစ်​၍ ထို​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဖော်​ပြ​တတ်​၏။-

35. ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​ကို​သား​တော် လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။-

36. သား​တော်​ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက် ကို​ရ​၏။ သား​တော်​၏​စ​ကား​ကို​နား​မ​ထောင်​သူ မူ​ကား​အ​သက်​ကို​မ​ရ​ဘဲ ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​သင့်​သူ​ဖြစ်​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 3