ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 21:11-20 Common Language Bible (BCL)

11. ရှိ​မုန်​ပေ​တ​ရု​သည်​လှေ​ပေါ်​သို့​တက်​၍​ငါး​ကြီး များ​ဖြင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့ ရောက်​အောင်​ဆွဲ​ယူ​လေ​၏။ ငါး​တစ်​ရာ့​ငါး​ဆယ့် သုံး​ကောင်​ကို​မိ​၍ ထို​မျှ​လောက်​များ​ပြား​သော် လည်း​ကွန်​မှာ​မ​စုတ်​မ​ပြတ်​ချေ။-

12. သ​ခင်​ယေ​ရှု​က ``လာ​၍​စား​ကြ​လော့'' ဟု​သူ တို့​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​တို့ ၏​သ​ခင်​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ ကြ​သ​ဖြင့်​အ​ဘယ်​တ​ပည့်​တော်​မျှ ``အ​ရှင် သည်​အ​ဘယ်​သူ​နည်း'' ဟု​မ​မေး​မ​လျှောက် ဝံ့​ကြ။-

13. သ​ခင်​ယေ​ရှု​သည်​သူ​တို့​ရှိ​ရာ​သို့​ကြွ​တော်​မူ ၍​မုန့်​ကို​ယူ​ပြီး​လျှင်​သူ​တို့​အား​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပေး​တော်​မူ​၏။

14. သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​ပြီး​နောက်​တ​ပည့် တော်​တို့​အား ယ​ခု​ကိုယ်​ထင်​ပြ​တော်​မူ​သည်​မှာ တ​တိ​ယ​အ​ကြိမ်​ဖြစ်​သ​တည်း။

15. တ​ပည့်​တော်​တို့​စား​ကြ​ပြီး​နောက်​သ​ခင် ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သူ​တို့ ငါ့​ကို​ချစ်​သည်​ထက်​ပို​၍​ချစ်​သ​လော'' ဟု​ရှိ​မုန်​ပေ​တ​ရု​အား​မေး​တော်​မူ​၏။ရှိ​မုန်​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု မိန့်​တော်​မူ​၏။-

16. တစ်​ဖန်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ပေ​တ​ရု​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု​မိန့် တော်​မူ​၏။-

17. တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-

18. အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား​သင် သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​ခါး​ကို​စည်း​၍​သွား လို​ရာ​သို့​သွား​တတ်​၏။ အို​မင်း​လာ​သော​အ​ခါ မူ​ကား​သင်​သည်​လက်​နှစ်​ဖက်​ကို​ဆန့်​လျက် သူ တစ်​ပါး​က​သင့်​ကို​ချည်​နှောင်​ပြီး​လျှင်​သင် မ​သွား​လို​သည့်​အ​ရပ်​သို့​ဆောင်​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

19. (ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ပေ​တ​ရု​သည်​အ​ဘယ် သို့​သော​သေ​ခြင်း​မျိုး​ဖြင့်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့် အ​ကြောင်း​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။) ဤ သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက်​ပေ​တ​ရု​အား ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။

20. ပေ​တ​ရု​သည်​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ သူ​၏​နောက်​တွင်​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​ကို​မြင်​လေ​၏။ ထို​သူ​ကား​ည​စာ စား​ကြ​စဉ်​အ​ခါ​က​သ​ခင်​ယေ​ရှု​၏​ရင်​တော် ကို​မှီ​လျက် ``သ​ခင်၊ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​မည့်​သူ​ကား​အ​ဘယ်​သူ​ဖြစ်​သ​နည်း'' ဟု မေး​လျှောက်​ခဲ့​သူ​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 21