ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 21:1-5 Common Language Bible (BCL)

1. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တိ​ဗေ​ရိ​အိုင်​အ​နီး တွင်​တ​ပည့်​တော်​တို့​အား​တစ်​ဖန်​ကိုယ်​ထင်​ပြ တော်​မူ​၏။ ပြ​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။-

2. ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။-

3. ရှိ​မုန်​ပေ​တ​ရု​က​အ​ခြား​သူ​တို့​အား ``ငါ ငါး​ဖမ်း​ထွက်​မည်'' ဟု​ဆို​၏။ထို​သူ​တို့​က ``ငါ​တို့​လည်း​လိုက်​မည်'' ဟု​ဆို ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​လှေ​ဖြင့်​ငါး​ဖမ်း ထွက်​ကြ​၏။ သို့​သော်​ထို​ည​တစ်​ည​လုံး​ငါး တစ်​ကောင်​ကို​မျှ​မ​မိ​ကြ။-

4. နေ​ထွက်​လာ​သော​အ​ခါ​သ​ခင်​ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​လျက်​နေ​တော်​မူ​၏။ သို့​ရာ တွင်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ဖြစ် မှန်း​ကို​မ​သိ​ကြ။-

5. ကိုယ်​တော်​က ``အ​မောင်​တို့၊ ငါး​မိ​ကြ​ပါ​၏ လော'' ဟု​မေး​တော်​မူ​၏။သူ​တို့​က ``မ​မိ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 21