ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 21:1-11 Common Language Bible (BCL)

1. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တိ​ဗေ​ရိ​အိုင်​အ​နီး တွင်​တ​ပည့်​တော်​တို့​အား​တစ်​ဖန်​ကိုယ်​ထင်​ပြ တော်​မူ​၏။ ပြ​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။-

2. ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။-

3. ရှိ​မုန်​ပေ​တ​ရု​က​အ​ခြား​သူ​တို့​အား ``ငါ ငါး​ဖမ်း​ထွက်​မည်'' ဟု​ဆို​၏။ထို​သူ​တို့​က ``ငါ​တို့​လည်း​လိုက်​မည်'' ဟု​ဆို ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​လှေ​ဖြင့်​ငါး​ဖမ်း ထွက်​ကြ​၏။ သို့​သော်​ထို​ည​တစ်​ည​လုံး​ငါး တစ်​ကောင်​ကို​မျှ​မ​မိ​ကြ။-

4. နေ​ထွက်​လာ​သော​အ​ခါ​သ​ခင်​ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​လျက်​နေ​တော်​မူ​၏။ သို့​ရာ တွင်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ဖြစ် မှန်း​ကို​မ​သိ​ကြ။-

5. ကိုယ်​တော်​က ``အ​မောင်​တို့၊ ငါး​မိ​ကြ​ပါ​၏ လော'' ဟု​မေး​တော်​မူ​၏။သူ​တို့​က ``မ​မိ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

6. ကိုယ်​တော်​က ``သင်​တို့​လှေ​၏​လက်​ယာ​ဘက်​သို့ ကွန်​ကို​ပစ်​လော့၊ ငါး​မိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ ၏။ မိန့်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​သည်​ကွန်​ကို ပစ်​ကြ​ရာ​မိ​သည့်​ငါး​များ​လှ​သ​ဖြင့်​ကွန်​ကို မ​ဆွဲ​တင်​နိုင်​ကြ​ချေ။

7. ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့် တော်​က ``ငါ​တို့​၏​သ​ခင်​ဘု​ရား​ပင်​တည်း'' ဟု ပေ​တ​ရု​အား​ပြော​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ပေ​တ​ရု​သည်​မိ​မိ​ချွတ်​ထား​သည့်​အ​ဝတ် ကို​ခါး​တွင်​ပတ်​၍​အိုင်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။-

8. အ​ခြား​တ​ပည့်​တော်​တို့​မူ​ကား​ကမ်း​နှင့်​မ​ဝေး ဘဲ​ကိုက်​တစ်​ရာ​ခန့်​သာ​ကွာ​တော့​သ​ဖြင့် ငါး နှင့်​ပြည့်​နေ​သော​ကွန်​ကို​ဆွဲ​တင်​လျက်​လှေ နှင့်​အ​တူ​လိုက်​လာ​ကြ​၏။-

9. သူ​တို့​သည်​လှေ​ပေါ်​က​ဆင်း​၍​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ​မုန့်​ကို​လည်း​ကောင်း၊ မီး​ကျီး​ပေါ်​တွင်​ကင်​ထား​သော​ငါး​ကို လည်း​ကောင်း​တွေ့​ကြ​၏။-

10. သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​မိ​သော​ငါး အ​ချို့​ကို​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။

11. ရှိ​မုန်​ပေ​တ​ရု​သည်​လှေ​ပေါ်​သို့​တက်​၍​ငါး​ကြီး များ​ဖြင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့ ရောက်​အောင်​ဆွဲ​ယူ​လေ​၏။ ငါး​တစ်​ရာ့​ငါး​ဆယ့် သုံး​ကောင်​ကို​မိ​၍ ထို​မျှ​လောက်​များ​ပြား​သော် လည်း​ကွန်​မှာ​မ​စုတ်​မ​ပြတ်​ချေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 21