ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 16:3-12 Common Language Bible (BCL)

3. သူ​တို့​သည်​လည်း​ခ​မည်း​တော်​ကို​မ​သိ၊ ငါ့ ကို​လည်း​မ​သိ​ကြ​သော​ကြောင့်​ဤ​သို့​သင် တို့​အား​ပြု​ကြ​လိမ့်​မည်။-

4. သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​ကြောင်း​ကို​ဤ အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ သင်​တို့ ပြန်​လည်​သ​တိ​ရ​ကြ​စေ​ရန်​ယ​ခု​ပင်​ငါ ပြော​နှင့်​ပြီ။''``ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​သေး​သော ကြောင့် သင်​တို့​အား​ထို​အ​ကြောင်း​အ​ရာ​များ ကို ယ​ခင်​က​ငါ​မ​ပြော​ကြား​ခဲ့။-

5. ယ​ခု​မှာ​မူ​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင် ထံ​သို့​ငါ​သွား​တော့​မည်။ သို့​ရာ​တွင်​ငါ​အ​ဘယ် အ​ရပ်​သို့​သွား​မည်​ကို​သင်​တို့​မည်​သူ​မျှ မ​မေး​ကြ။-

6. ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ​ပြော​ကြား သ​ဖြင့် သင်​တို့​သည်​စိတ်​ညှိုး​ငယ်​လျက်​ရှိ ကြ​၏။-

7. သို့​သော်​သင်​တို့​အား​ငါ​အ​မှန်​အ​ကန်​ပြော သည်​ကား ငါ​သွား​ရ​ခြင်း​သည်​သင်​တို့​အ​ဖို့ ပို​၍​ကောင်း​၏။ ငါ​မ​သွား​လျှင်​မ​စ​တော်​မူ သော​အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား​ထို​အ​ရှင်​ကို​သင်​တို့ ထံ​သို့​ငါ​စေ​လွှတ်​မည်။-

8. ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ​လော​က သား​တို့​အား​အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​မှန်​တ​ရား​အ​ကြောင်း​ကို​လည်း​ကောင်း၊ တ​ရား စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​ပေ​အံ့။-

9. ထို​သူ​တို့​သည်​ငါ့​ကို​မ​ယုံ​ကြည်​ကြ​သော ကြောင့်​အ​ပြစ်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။-

10. ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ် ၍ သင်​တို့​ငါ့​ကို​တွေ့​မြင်​ရ​တော့​မည်​မ​ဟုတ် သော​ကြောင့်​အ​မှန်​တ​ရား​အ​ကြောင်း​ကို ဖော်​ပြ​မည်။-

11. လော​က​ကို​အ​စိုး​ရ​သူ​သည်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင် တော်​မူ​ခြင်း​အ​ကြောင်း​ကို​ဖော်​ပြ​မည်။''

12. ``သင်​တို့​အား​ငါ​ပြော​စ​ရာ​များ​ရှိ​သေး သော်​လည်း​ယ​ခု​သင်​တို့​ခံ​ယူ​နိုင်​ကြ​မည် မ​ဟုတ်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 16