ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 14:6-20 Common Language Bible (BCL)

6. သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-

7. ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

8. ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။

9. သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-

10. ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။-

11. ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​နေ​တော်​မူ​သည် ဟု​ငါ​ပြော​သည်​ကို​ယုံ​ကြ​လော့။ မ​ယုံ​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍​ယုံ​ကြ လော့။-

12. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ​ပြု​သော​အ​မှု တို့​ကို​ပြု​လိမ့်​မည်။ ထို​ထက်​ကြီး​မြတ်​သည့် အ​မှု​များ​ကို​ပင်​ပြု​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​သည်​ခ​မည်း​တော်​ထံ​တော်​သို့ သွား​မည်​ဖြစ်​သော​ကြောင့်​တည်း။-

13. သား​တော်​အား​ဖြင့်​ခ​မည်း​တော်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​အံ့​သော​ငှာ​ငါ့​နာ​မ​ကို​အ​မှီ ပြု​၍ သင်​တို့​တောင်း​လျှောက်​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။-

14. ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​မည်​သည့် ဆု​ကို​မ​ဆို​ငါ့​ကို​တောင်း​လျှင် တောင်း​သည့် အ​တိုင်း​ငါ​ပြု​မည်။

15. ``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။-

16. ငါ​သည်​ခ​မည်း​တော်​အား​တောင်း​လျှောက် သ​ဖြင့်​သင်​တို့​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ရှိ​၍ သင်​တို့​အား​မ​စ​တော်​မူ​သော​အ​ခြား အ​ရှင်​တစ်​ပါး​ကို​ပေး​တော်​မူ​လိမ့်​မည်။-

17. ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ဆိုင် ရာ​သမ္မာ​တ​ရား​ကို​ဖော်​ပြ​သော​ဝိ​ညာဉ်​တော် ဖြစ်​၏။ လော​က​သား​တို့​သည်​ထို​ဝိ​ညာဉ်​တော် ကို​မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သ​ဖြင့် မ​ခံ​မ​ယူ​နိုင်။ ထို​ဝိ​ညာဉ်​တော်​သည်​သင်​တို့ နှင့်​အ​တူ​တည်​နေ​တော်​မူ​၍ သင်​တို့​စိတ်​နှ​လုံး တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့်​ထို​အ​ရှင်​ကို သင်​တို့​သိ​ကြ​၏။

18. ``ငါ​သည်​သင်​တို့​အား​ခို​ကိုး​ရာ​မဲ့​ဖြစ်​စေ မည်​မ​ဟုတ်။ သင်​တို့​ထံ​သို့​ငါ​လာ​ဦး​မည်။-

19. ကာ​လ​အ​နည်း​ငယ်​ကြာ​လျှင်​ဤ​လော​က သား​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ် သော်​လည်း သင်​တို့​မူ​ကား​မြင်​ကြ​ရ​လိမ့်​မည်။ ငါ သည်​အ​သက်​ရှင်​သော​ကြောင့်​သင်​တို့​သည်​လည်း အ​သက်​ရှင်​ကြ​လိမ့်​မည်။-

20. ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​သည်​ကို​လည်း ကောင်း၊ သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သင်​တို့​၌​တည်​နေ​သည်​ကို​လည်း​ကောင်း ထို​နေ့​ရက်​၌​သင်​တို့​သိ​ကြ​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 14