ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 14:1-10 Common Language Bible (BCL)

1. သ​ခင်​ယေ​ရှု​က ``သင်​တို့​စိတ်​မ​ပူ​ပန်​ကြ နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့ ကို​လည်း​ယုံ​ကြည်​လော့။-

2. ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​တွင်​အ​ခန်း​များ​စွာ ရှိ​၏။ သို့​မ​ရှိ​ပါ​မူ​ငါ​သည်​သင်​တို့​အ​တွက် နေ​ရာ​ကို​သွား​၍​ပြင်​ဆင်​မည်​ဟု​ပြော​ဆို ပါ​မည်​လော။-

3. ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။-

4. ငါ​သွား​ရာ​အ​ရပ်​သို့​ရောက်​စေ​မည့်​ခ​ရီး လမ်း​ကို​သင်​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

5. သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။

6. သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-

7. ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

8. ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။

9. သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-

10. ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 14