ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 12:9-22 Common Language Bible (BCL)

9. ဗေ​သ​နိ​ရွာ​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​ကြောင်း ကြား​ရ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​သည် ထို​ရွာ​သို့​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သ​ခင် ယေ​ရှု​ကြောင့်​သာ​လျှင်​လာ​ကြ​သည်​မ​ဟုတ်။ ကိုယ်​တော်​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​ခဲ့ သူ လာ​ဇ​ရု​ကို​တွေ့​မြင်​လို​ကြ​သော​ကြောင့် လည်း​ဖြစ်​၏။-

10-11. လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​၍​ယု​ဒ​အ​မျိုး သား​အ​များ​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ကို မ​ဆည်း​ကပ်​ကြ​တော့​ဘဲ သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ဆည်း​ကပ်​လာ​ကြ​၏။ သို့​ဖြစ်​၍​ယဇ်​ပု ရော​ဟိတ်​ကြီး​တို့​သည်​လာ​ဇ​ရု​ကို​လည်း သတ်​ရန်​ကြံ​စည်​ကြ​၏။

12. နောက်​တစ်​နေ့​၌​ပ​သ​ခါ​ပွဲ​တော်​သို့​လာ ကြ​ကုန်​သော​လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မည်​ဟု​ကြား​သ​ဖြင့်၊-

13. စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​ကာ​ထွက်​သွား ပြီး​လျှင် ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ကြွ လာ​သော​အရှင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဣ​သ​ရေ​လ​ဘု​ရင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ သ​တည်း'' ဟု​ကြွေး​ကြော်​လျက်​ကိုယ်​တော်​အား ကြို​ဆို​ကြ​၏။

14-15. ကျမ်း​စာ​တော်​တွင်၊``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်၊ကြည့်​လော့၊သင်​၏​ရှင်​ဘု​ရင်​သည်​မြည်း​က​လေး​ကို​စီး​လျက် ကြွ​လာ​လေ​ပြီ''ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သ​ခင်​ယေ​ရှု​သည် မြည်း​တစ်​ကောင်​ကို​တွေ့​၍​ထို​မြည်း​ကို​စီး တော်​မူ​၏။

16. တ​ပည့်​တော်​တို့​သည်​ထို​စဉ်​အ​ခါ​က​ဤ ကျမ်း​ချက်​ကို​နား​မ​လည်​ကြ။ သ​ခင်​ယေ​ရှု ဘုန်း​အ​သ​ရေ​ပွင့်​တော်​မူ​သော​အ​ခါ​ကျ​မှ ဤ​ကျမ်း​ချက်​ကား​ကိုယ်​တော်​၏​အ​ကြောင်း ဖော်​ပြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏ အ​တွက်​ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ပြန်​လည်​သ​တိ​ရ​ကြ​၏။

17-18. လာ​ဇ​ရု​အား​သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍​ရှင်​ပြန် စေ​တော်​မူ​စဉ်​အ​ခါ​က​နောက်​တော်​ပါ​ပ​ရိ​သတ် သည် အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​အ​ကြောင်း​ကို ပြန်​ကြား​ကြ​သ​ဖြင့် ကြား​ရ​သော​လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ကြို​ဆို​ရန်​လာ​ကြ​၏။

19. ဖာ​ရိ​ရှဲ​တို့​က ``ငါ​တို့​မှာ​လုံး​ဝ​အောင်​မြင်​မှု မ​ရှိ။ လော​က​တစ်​ခု​လုံး​ပင်​ထို​သူ့​နောက်​သို့ လိုက်​ပါ​သွား​ပါ​ပြီ​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။

20. ပွဲ​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ကြ​သော​လူ​တို့​အ​ထဲ​တွင် ဂ​ရိ​အ​မျိုး​သား​အ​ချို့​ပါ​၏။-

21. သူ​တို့​သည် (ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ် သူ) ဖိ​လိပ္ပု​ထံ​သို့​သွား​ကြ​၍ ``ဆ​ရာ၊ အ​ကျွန်ုပ် တို့​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လို​ပါ​သည်'' ဟု ပြော​ကြား​ကြ​၏။

22. ဖိ​လိပ္ပု​သည်​အန္ဒြေ​ထံ​သို့​သွား​၍​ထို​အ​ကြောင်း​ကို ပြော​ပြ​၏။ ထို​နောက်​ထို​သူ​နှစ်​ဦး​တို့​သည်​သ​ခင် ယေ​ရှု​ထံ​တော်​သို့​သွား​၍​ထို​အ​ကြောင်း​ကို​လျှောက် ထား​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 12