38. ဤသို့ဖြစ်ရသည်မှာ၊``အို ထာဝရဘုရား၊အဘယ်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကိုယုံပါသနည်း။ထာဝရဘုရားသည်တန်ခိုးတော်ကိုအဘယ် သူအား ထင်ရှားပါသနည်း။ဟုဟေရှာယမြွက်ဆိုခဲ့သည့်အတိုင်းဖြစ် ပျက်ခြင်းပင်ဖြစ်၏။-
39-40. ထိုမှတစ်ပါးလည်းဟေရှာယက၊``သူတို့၏မျက်စိများသည်မြင်နိုင်၍ သူတို့၏ စိတ်နှလုံးသည်သိနားလည်နိုင်ပါမူ၊ထိုသူတို့သည်မိမိတို့၏အနာရောဂါပျောက်ကင်း စိမ့်သောငှာစိတ်ပြောင်းလဲကြလိမ့်မည်။သို့ဖြစ်၍သူတို့မျက်စိအလင်းကိုငါကွယ်စေ လျက်သူတို့စိတ်နှလုံးကိုလည်း၊လေးလံထိုင်းမှိုင်း စေတော်မူ၏ဟုဘုရားသခင်မိန့်တော်မူ၏''ဟူ၍မြွက်ဆိုပြန်သည့်အတိုင်းထိုသူတို့ မှာယုံကြည်နိုင်စွမ်းမရှိကြ။
41. ဟေရှာယသည်သခင်ယေရှု၏ဘုန်းအသရေ ကိုဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဤသို့မြွက်ဆိုခြင်းဖြစ်၏။
42. သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။-
43. သူတို့သည်ကားလူတို့၏အချီးအမွမ်းကို ပို၍နှစ်သက်ကြသူများဖြစ်သတည်း။
44. သခင်ယေရှုကဤသို့ကြွေးကြော်တော်မူသည်။ ``ငါ့ကိုယုံကြည်သူသည်ငါ့ကိုသာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။-