ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 12:34-45 Common Language Bible (BCL)

34. လူ​တို့​က ``မေ​ရှိ​ယ​သည်​ထာ​ဝ​စဉ်​အ​သက်​ရှင် တော်​မူ​၏​ဟု​ပ​ညတ်​ကျမ်း​က​ဆို​ပါ​သည်။ သို့ ဖြစ်​၍`လူ​သား​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်' ဟု​အ​ဘယ်​ကြောင့်​သင်​ဆို​ပါ​သ​နည်း။ လူ​သား​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​ကြ ၏။

35. သ​ခင်​ယေ​ရှု​က​လည်း ``အ​လင်း​သည်​သင်​တို့ တွင်​ခ​ဏ​သာ​ရှိ​ပေ​တော့​မည်။ သင်​တို့​အား အ​မှောင်​မ​ဖုံး​လွှမ်း​စေ​ရန် အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ အ​မှောင်​တွင်​သွား​လာ​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​လာ​သည် ကို​မ​သိ။-

36. သို့​ဖြစ်​၍​အ​လင်း​ရှိ​နေ​ခိုက်​ထို​အ​လင်း​ကို ယုံ​ကြည်​ကြ​လော့။ သို့​မှ​သာ​သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု သည်​ထွက်​ကြွ​၍ ထို​သူ​တို့​ကို​တိမ်း​ရှောင် လျက်​နေ​တော်​မူ​၏။-

37. သူ​တို့​၏​မျက်​မှောက်​တွင်​များ​စွာ​သော​နိ​မိတ် လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ။-

38. ဤ​သို့​ဖြစ်​ရ​သည်​မှာ၊``အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​တို့​၏ ဟော​ပြော​ချက်​ကို​ယုံ​ပါ​သ​နည်း။ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ကို​အ​ဘယ် သူ​အား ထင်​ရှား​ပါ​သ​နည်း။ဟု​ဟေ​ရှာ​ယ​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ် ပျက်​ခြင်း​ပင်​ဖြစ်​၏။-

39-40. ထို​မှ​တစ်​ပါး​လည်း​ဟေ​ရှာ​ယ​က၊``သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ သူ​တို့​၏ စိတ်​နှလုံး​သည်​သိ​နား​လည်​နိုင်​ပါ​မူ၊ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​ပျောက်​ကင်း စိမ့်​သော​ငှာ​စိတ်​ပြောင်း​လဲ​ကြ​လိမ့်​မည်။သို့​ဖြစ်​၍​သူ​တို့​မျက်​စိ​အ​လင်း​ကို​ငါ​ကွယ်​စေ လျက်သူ​တို့​စိတ်​နှ​လုံး​ကို​လည်း၊လေး​လံ​ထိုင်း​မှိုင်း စေ​တော်​မူ​၏​ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​၏''ဟူ​၍​မြွက်​ဆို​ပြန်​သည့်​အ​တိုင်း​ထို​သူ​တို့ မှာ​ယုံ​ကြည်​နိုင်​စွမ်း​မ​ရှိ​ကြ။

41. ဟေ​ရှာ​ယ​သည်​သ​ခင်​ယေ​ရှု​၏​ဘုန်း​အ​သ​ရေ ကို​ဖူး​မြင်​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို ဤ​သို့​မြွက်​ဆို​ခြင်း​ဖြစ်​၏။

42. သို့​ဖြစ်​စေ​ကာ​မူ​ယု​ဒ​အာ​ဏာ​ပိုင်​အ​မြောက် အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။ သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​များ​ကြောင့်​တ​ရား​ဇ​ရပ် မှ​ထုတ်​ပယ်​ခံ​ရ​မည်​ကို​ကြောက်​၍​မိ​မိ​တို့ ယုံ​ကြည်​ကြောင်း​ကို​ပွင့်​လင်း​စွာ​ဝန်​မ​ခံ​ကြ။-

43. သူ​တို့​သည်​ကား​လူ​တို့​၏​အ​ချီး​အ​မွမ်း​ကို ပို​၍​နှစ်​သက်​ကြ​သူ​များ​ဖြစ်​သ​တည်း။

44. သ​ခင်​ယေ​ရှု​က​ဤ​သို့​ကြွေး​ကြော်​တော်​မူ​သည်။ ``ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ့​ကို​သာ​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လည်း ယုံ​ကြည်​၏။-

45. ငါ့​ကို​တွေ့​မြင်​သူ​သည်​ငါ့​ကို​သာ​တွေ့​မြင် သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​ကို​လည်း​တွေ့​မြင်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 12