1. ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။-
2. ကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။-
3. ထိုအခါမာရိသည်အလွန်အဖိုးထိုက်သော နာဒုဆီမွှေးအစစ်သုံးဆယ်သားကိုယူ၍ သခင်ယေရှု၏ခြေတော်ကိုလိမ်းပြီးနောက် မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဤဆီမွှေး၏ ရနံ့သည်တစ်အိမ်လုံးမွှေးကြိုင်လျက်ရှိ၏။-
4-5. တပည့်တော်တစ်ဦးဖြစ်သူယုဒရှကာရုတ် က ``ဤဆီမွှေးကိုအဘယ်ကြောင့်ဒေနာရိ သုံးရာဖြင့်ရောင်း၍ ဆင်းရဲသူတို့အားမစွန့် မကြဲပါသနည်း'' ဟုဆို၏။ သူသည်နောင် အခါကိုယ်တော်အားရန်သူ့လက်သို့အပ်နှံ မည့်သူဖြစ်သတည်း။-
6. ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။
7. သခင်ယေရှုက ``ထိုအမျိုးသမီးကို မနှောင့်ယှက်နှင့်။ သူသည်ငါ့အလောင်းကို သင်္ဂြိုဟ်မည့်အချိန်အတွက်ဤဆီမွှေးကို သိမ်းထားပါလေစေ။-