ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 11:33-53 Common Language Bible (BCL)

33. သ​ခင်​ယေ​ရှု​သည်​မာ​ရိ​ငို​ယို​နေ​သည်​ကို လည်း​ကောင်း၊ သူ​နှင့်​အ​တူ​ပါ​လာ​ကြ​သော လူ​တို့​သည်​လည်း​ငို​ယို​နေ​ကြ​သည်​ကို​လည်း ကောင်း​မြင်​တော်​မူ​သ​ဖြင့် စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​တော်​မူ​၏။-

34. ကိုယ်​တော်​က ``သူ့​အလောင်း​ကို​အ​ဘယ်​မှာ သင်္ဂြိုဟ်​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ထို​သူ​တို့​က ``သ​ခင်​ကြွ​၍​ကြည့်​တော်​မူ ပါ'' ဟု​လျှောက်​ထား​ကြ​၏။-

35. သ​ခင်​ယေ​ရှု​သည်​မျက်​ရည်​ကျ​တော်​မူ​၏။

36. ထို​အ​ခါ​လူ​တို့​က ``ကြည့်​ပါ၊ သူ​သည် လာ​ဇ​ရု​ကို​အ​လွန်​ချစ်​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-

37. အ​ချို့​သော​သူ​တို့​က​မူ ``မျက်​မ​မြင်​ကို မျက်​စိ​မြင်​စေ​သော​သူ​သည်​လာ​ဇ​ရု​ကို မ​သေ​ရ​အောင်​မ​တတ်​နိုင်​ပါ​သ​လော'' ဟု ဆို​ကြ​၏။

38. သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။-

39. သ​ခင်​ယေ​ရှု​က ``ကျောက်​တုံး​ကို​ရွှေ့​လိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။သေ​လွန်​သူ​၏​အစ်​မ၊ မာ​သ​က ``အ​ရှင် ဘု​ရား၊ ယ​ခု​အ​ခါ​ဆို​လျှင်​အ​နံ့​ထွက် နေ​ပါ​လိမ့်​မည်။ သူ​သေ​သည်​မှာ​လေး​ရက် ရှိ​ပါ​ပြီ'' ဟု​လျှောက်​၏။

40. သ​ခင်​ယေ​ရှု​က ``သင်​ယုံ​ကြည်​လျှင်​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​လိမ့် မည်​ဟူ​၍​ငါ​ပြော​သည်​မ​ဟုတ်​လော'' ဟု မိန့်​တော်​မူ​၏။-

41. သို့​ဖြစ်​၍​လူ​တို့​သည်​ကျောက်​တုံး​ကို​ရွှေ့​လိုက် ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​အ​ထက် သို့​မျှော်​ကြည့်​လျက် ``ခ​မည်း​တော်၊ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​၏​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကြီး​ပါ​၏။-

42. ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​ကျွန်ုပ် ၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အား ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ဤ လူ​အ​ပေါင်း​တို့​ယုံ​ကြည်​ကြ​စေ​ရန် သူ​တို့​၏ အ​ကျိုး​ကို​ထောက်​၍​အ​ကျွန်ုပ်​ဤ​သို့​လျှောက် ပါ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။-

43. ထို​နောက် ``လာ​ဇ​ရု၊ ထွက်​ခဲ့​လော့'' ဟု​ကျယ်​စွာ အ​မိန့်​ပေး​တော်​မူ​၏။-

44. ထို​အ​ခါ​သေ​လွန်​သော​သူ​သည်​ခြေ​လက်​၌ အ​ဝတ်​ဖြင့်​ပတ်​လျက်၊ မျက်​နှာ​၌​ပ​ဝါ​ဖြင့် စည်း​လျက်​ထွက်​လာ​လေ​သည်။ သ​ခင်​ယေ​ရှု က ``သူ့​အား​ပတ်​ထား​သည့်​အ​ဝတ်​များ​ကို ဖြေ​ပေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

45. ထို​အ​ခါ​မာ​ရိ​ထံ​သို့​လာ​ကြ​သည့်​လူ အ​မြောက်​အ​မြား​ပင်​သ​ခင်​ယေ​ရှု​ပြု​တော် မူ​သော​အ​မှု​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​ကိုယ် တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။-

46. သို့​ရာ​တွင်​အ​ချို့​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ ထံ​သို့​သွား​၍ သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော အ​မှု​ကို​ပြော​ကြား​ကြ​၏။-

47. သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဖာ​ရိ​ရှဲ​များ​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​ဆိုင် ရာ​အ​စည်း​အ​ဝေး​ကို​ခေါ်​ဖိတ်​၍ ``ဤ​သူ​သည် များ​စွာ​သော​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​ပြ​လျက်​နေ​၏။ ငါ​တို့​အ​ဘယ်​ကြောင့်​မည် သို့​မျှ​မ​ပြု​ဘဲ​နေ​ကြ​သ​နည်း။-

48. သူ့​ကို​ဤ​သို့​ခွင့်​ပြု​ထား​ပါ​မူ​လူ​တိုင်း​ပင် သူ့​အား​ယုံ​ကြည်​လာ​ကြ​ပါ​လိမ့်​မည်။ ထို အ​ခါ​ရော​မ​အာ​ဏာ​ပိုင်​တို့​သည်​လာ​၍​ငါ တို့​၏​ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ငါ​တို့ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။

49. ထို​သူ​တို့​တွင်​ထို​နှစ်​အ​တွက် ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​ဆို​သူ​က ``သင်​တို့ သည်​ပ​ညာ​မဲ့​ကြ​ပါ​သည်​တ​ကား။-

50. ယု​ဒ​အ​မျိုး​သား​တစ်​ရပ်​လုံး​သေ​ကျေ​ပျက် စီး​သည်​ထက် တစ်​မျိုး​သား​လုံး​အ​တွက်​လူ တစ်​ယောက်​သေ​ရ​သည်​က သင်​တို့​အ​ဖို့​ပို​၍ ကောင်း​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​၏။-

51-52. ယင်း​သို့​ဆို​ရာ​၌​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဉာဏ် ဖြင့်​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​အ​တွက်​ယဇ်​ပု ရော​ဟိတ်​မင်း​ဖြစ်​လျက် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​အ​တွက်​လည်း​ကောင်း၊ ထို​မျှ​မ​က အ​ရပ်​ရပ်​တွင် ကွဲ​လွင့်​နေ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​များ​ကို​တစ်​စု​တစ်​ရုံး​တည်း ဖြစ်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​အ​သေ​ခံ တော်​မူ​မည့်​အ​ကြောင်း​ကြို​တင်​ဟော​ကြား ခြင်း​ဖြစ်​သ​တည်း။

53. ထို​နေ့​မှ​စ​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည် သ​ခင်​ယေ​ရှု​ကို​သတ်​ရန်​တိုင်​ပင်​ကြံ​စည် ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 11