ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 1:41-51 Common Language Bible (BCL)

41. သူ​သည်​အစ်​ကို​ဖြစ်​သူ​ရှိ​မုန်​ကို​ချက်​ချင်း​ရှာ ၍ ``မေ​ရှိ​ယ​အ​ရှင်​ကို​ငါ​တို့​တွေ့​ပြီ'' ဟု​ဆို​၏။ (မေ​ရှိ​ယ​အ​နက်​မှာ ခ​ရစ်​တော်​ဖြစ်​သ​တည်း။)-

42. ထို​နောက်​သူ​သည်​ရှိ​မုန်​အား​သ​ခင်​ယေ​ရှု ထံ​တော်​သို့​ခေါ်​ဆောင်​သွား​လေ​သည်။သ​ခင်​ယေ​ရှု​သည်​ရှိ​မုန်​ကို​ကြည့်​၍ ``သင်​သည် ယော​ဟန်​၏​သား​ရှိ​မုန်​ဖြစ်​၏။ ကေ​ဖ​နာ​မည် သစ်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (ကေ​ဖ ကား​ပေ​တ​ရု​ဟူ​သော​အ​မည်​နှင့်​ထပ်​တူ ဖြစ်​၍ ကျောက်​ဟု​အ​နက်​ရှိ​၏။)

43. နောက်​တစ်​နေ့​၌​ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည် သို့​ကြွ​တော်​မူ​ရန် စိတ်​ပိုင်း​ဖြတ်​တော်​မူ​၏။ ဖိ​လိပ္ပု ကို​တွေ့​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော် မူ​၏။-

44. (ဖိ​လိပ္ပု​သည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​၏။ ဗက်​ဇဲ​ဒ မြို့​ကား​အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​နေ​ထိုင်​ရာ​မြို့ တည်း။)-

45. ဖိ​လိပ္ပု​သည်​နာ​သ​နေ​လ​ကို​တွေ့​သ​ဖြင့် ``မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​လည်း​ကောင်း၊ ပ​ရော​ဖက်​ကျမ်း များ​တွင်​လည်း​ကောင်း​ရေး​သား​ဖော်​ပြ​ထား​သူ ကို​ငါ​တို့​တွေ့​ပြီ။ ထို​သူ​သည်​ယောသပ်​၏​သား၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏'' ဟု​ဆို​၏။

46. နာ​သ​နေ​လ​က ``နာ​ဇ​ရက်​မြို့​မှ​ကောင်း​သည့် အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​ပေါ်​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။ဖိ​လိပ္ပု​က ``လာ​၍​ကြည့်​ပါ'' ဟု​ဆို​၏။

47. နာ​သ​နေ​လ​လာ​နေ​သည်​ကို​သ​ခင်​ယေ​ရှု​မြင် တော်​မူ​လျှင် ``ပ​ရိ​ယာယ်​ကင်း​သူ​ဣသ​ရေ​လ အ​မျိုး​သား​စစ်​ကို​ကြည့်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

48. နာ​သ​နေ​လ​က ``ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​သို့ အ​ကျွန်ုပ်​ကို​သိ​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ၏။သ​ခင်​ယေ​ရှု​က ``သင့်​အား​ဖိ​လိပ္ပု​မ​ခေါ်​မီ သ​ဖန်း​ပင်​အောက်​တွင်​ရှိ​နေ​စဉ်​အ​ခါ​က​ပင် လျှင် သင့်​ကို​ငါ​မြင်​၏'' ဟု​မိန့်​တော်​မူ​၏။

49. ထို​အ​ခါ​နာ​သ​နေ​လ​က ``အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ပါ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​လျှောက်​လေ​၏။

50. သ​ခင်​ယေ​ရှု​က ``သ​ဖန်း​ပင်​အောက်​တွင်​သင့် ကို​ငါ​မြင်​ကြောင်း​ပြော​ပြ​သည့်​အ​တွက်​သင် ယုံ​သ​လော။ ဤ​ထက်​ပို​၍​အံ့​သြ​ဖွယ်​သော အ​မှု​အ​ရာ​တို့​ကို​သင်​မြင်​ရ​လိမ့်​မည်။-

51. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကောင်း​ကင်​ပွင့်​လျက် လူ​သား​အ​ပေါ်​တွင်​ဘု​ရား သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​ဆင်း​လျက် တက်​လျက်​နေ​ကြ​သည်​ကို​သင်​တို့​မြင်​ရ ကြ​လတ္တံ့' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 1