ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 8:4-19 Common Language Bible (BCL)

4. တ​ပည့်​တော်​တို့​က ``ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​လျှင် ထို​သူ​တို့​ကို​ကျွေး​နိုင်​လောက်​အောင်​အ​စား အ​စာ​ရ​နိုင်​ပါ​မည်​နည်း'' ဟု​ပြန်​၍​လျှောက်​ကြ​၏။

5. ကိုယ်​တော်​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။တ​ပည့်​တော်​တို့​က ``မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

6. ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​မြေ​ပေါ်​တွင် ထိုင်​စေ​တော်​မူ​ပြီး​လျှင်​မုန့်​ခု​နစ်​လုံး​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​များ​ကို​ဖဲ့​တော်​မူ​၍​လူ​တို့ အား​ဝေ​ပေး​ကြ​၏။ သူ​တို့​၌​ငါး​အ​နည်း​ငယ် လည်း​ရှိ​၏။-

7. ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပြီး​နောက် ထို​ငါး​ကို​လည်း​လူ​တို့​အား ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​ကို​စေ​ခိုင်း​တော်​မူ​၏။-

8. လူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​၏။ စား​ကြွင်း​စား​ကျန် များ​ကို​ပင်​တောင်း​ခု​နစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း ရ​ကြ​၏။-

9. မုန့်​စား​သူ​ဦး​ရေ​ကား​လေး​ထောင်​မျှ​ရှိ​သ​တည်း။ ကိုယ်​တော်​သည်​လူ​တို့​ကို​ထို​အ​ရပ်​မှ​ထွက်​ခွာ သွား​စေ​တော်​မူ​၏။-

10. ထို​နောက်​ချက်​ချင်း​ပင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​တက်​၍ ဒါ​လ​မ​နု​သ​ဒေ​သ​သို့​ကြွ တော်​မူ​၏။

11. ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ကိုယ်​တော်​နှင့် အ​ခြေ​အ​တင်​ဆွေး​နွေး​ကြ​၏။ သူ​တို့​သည်​ပ​ရိ ယာယ်​ဆင်​၍ ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား နှစ်​သက်​တော်​မူ​ကြောင်း​သက်​သေ​ပြ​ရန် နိ​မိတ် လက္ခ​ဏာ​တစ်​ပါး​ကို​ပြ​တော်​မူ​ပါ'' ဟု​ကိုယ်​တော် အား​တောင်း​ဆို​ကြ​၏။-

12. ကိုယ်​တော်​သည်​သက်​ပြင်း​ချ​တော်​မူ​ပြီး​လျှင် ``ယ​ခု ခေတ်​လူ​တို့​သည်​အ​ဘယ်​ကြောင့်​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​သ​နည်း။ အ​မှန်​အ​ကန်​ငါ​ဆို​သည် ကား ဤ​သူ​တို့​အား​ထို​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

13. ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ကြွ​တော်​မူ​၍ လှေ​ပေါ်​သို့​တစ်​ဖန်​တက်​တော်​မူ​ပြီး​လျှင်​အိုင် တစ်​ဖက်​သို့​ကူး​တော်​မူ​၏။

14. တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​များ​ကို မ​ယူ​ခဲ့​မိ​ကြ။ လှေ​ပေါ်​၌​မုန့်​တစ်​လုံး​သာ​ရှိ​၏။-

15. ကိုယ်​တော်​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ တ​ဆေး​နှင့်​ဟေ​ရုဒ်​၏​တ​ဆေး​ကို​သ​တိ​နှင့် ရှောင်​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မိန့် တော်​မူ​၏။

16. တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ သည့်​အ​ကြောင်း​ကို အ​ချင်း​ချင်း​ပြော​ဆို​လျက် နေ​ကြ​၏။

17. ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ တော်​မူ​လျှင် ``သင်​တို့​သည်​စား​စ​ရာ​မ​ပါ​သည့် အ​ဖြစ်​ကို​အ​ဘယ်​ကြောင့်​ပြော​ဆို​နေ​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​မ​သိ​နား​မ​လည်​သေး​သ​လော။ သင်​တို့​၏​အ​သိ​ဉာဏ်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ထိုင်း​မှိုင်း​နေ​သ​နည်း။-

18. သင်​တို့​သည်​မျက်​စိ​ရှိ​လျက်​မ​မြင်​ကြ​ပါ သ​လော။ နား​ရှိ​လျက်​မ​ကြား​ကြ​ပါ​သ​လော။-

19. ငါ​သည်​လူ​ငါး​ထောင်​ကို​ကျွေး​ရန်​မုန့်​ငါး​လုံး ဖဲ့​ခဲ့​သည်​ကို သင်​တို့​သ​တိ​မ​ရ​ကြ​သ​လော။ ထို​အ​ခါ​က​မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း မည်​မျှ​အ​ပြည့်​ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု သူ​တို့​အား​မေး​တော်​မူ​၏။တ​ပည့်​တော်​တို့​က ``တစ်​ဆယ့်​နှစ်​တောင်း​ကောက် သိမ်း​ရ​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 8