32. ဤသွန်သင်ချက်ကိုကိုယ်တော်သည်ပွင့်လင်းစွာ မိန့်ကြားတော်မူသတည်း။ ထို့ကြောင့်ပေတရု သည် ကိုယ်တော်ကိုနေရာတစ်ခုသို့ပင့်ခေါ်ပြီး လျှင်အပြစ်တင်စကားလျှောက်လေသည်။-
33. ကိုယ်တော်သည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူလျက် ပေတရုအား ``အချင်းစာတန်၊ ငါ့ထံမှခွာသွားလော့။ သင်သည်ဘုရားသခင် ၏ရှုထောင့်ကမတွေး၊ လူ၏ရှုထောင့်ကသာ တွေး၏'' ဟုဆုံးမတော်မူ၏။
34. ကိုယ်တော်သည်တပည့်တော်တို့နှင့်ပရိသတ်ကို အထံတော်သို့ခေါ်တော်မူပြီးလျှင် ``ငါ့တပည့် ဖြစ်လိုသူသည်ကိုယ်ကျိုးစွန့်ရမည်။ ကိုယ့် လက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ လိုက်ရမည်။-
35. မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။-
36. လူသည်ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရ သော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
37. မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ် အရာနှင့်ရွေးယူနိုင်မည်နည်း။-
38. ဘုရားတရားမဲ့၍ဆိုးသွမ်းသောဤခေတ်ဤ အခါ၌ မည်သူမဆိုငါနှင့်ငါ၏သြဝါဒ ကြောင့်ရှက်လျှင် လူသားသည်လည်းခမည်းတော် ၏ဘုန်းအသရေကိုဆောင်၍သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့်ကြွလာသောအခါ ထိုသူကြောင့်ရှက်တော်မူလတ္တံ့'' ဟုသူတို့ အားမိန့်တော်မူ၏။