21. ကိုယ်တော်က ``သို့ဖြစ်ပါလျက်သင်တို့သည် ယခု တိုင်အောင်မသိနားမလည်ဘဲရှိနေကြသေး သလော'' ဟုမေးတော်မူ၏။
22. ကိုယ်တော်နှင့်တပည့်တော်တို့သည်ဗက်ဇဲဒရွာ သို့ရောက်ကြ၏။ ထိုအခါလူတို့သည်မျက်မမြင် တစ်ယောက်ကိုအထံတော်သို့ခေါ်ခဲ့ပြီးလျှင် ထို သူအားလက်တော်နှင့်တို့ထိတော်မူရန် တောင်းပန်ကြ၏။-
23. ကိုယ်တော်သည်မျက်မမြင်ကိုလက်ဆွဲကာရွာ အပြင်သို့ခေါ်သွားတော်မူ၏။ သူ၏မျက်စိများ ကိုတံတွေးနှင့်ထွေး၍ သူ၏အပေါ်မှာလက်တော် ကိုတင်တော်မူ၏။ ထိုနောက် ``သင်ယခုမျက်စိ မြင်ပြီလော'' ဟုမေးတော်မူ၏။
24. သူသည်မော်ကြည့်ကာ ``အကျွန်ုပ်သည်လူများ ကိုမြင်ရပါသည်။ သို့ရာတွင်သူတို့သည်သစ်ပင် များလမ်းလျှောက်နေသကဲ့သို့ဖြစ်နေပါသည်'' ဟုလျှောက်၏။
25. ထိုအခါကိုယ်တော်သည် ထိုသူ၏မျက်စိများ အပေါ်၌လက်တော်ကိုတင်တော်မူပြန်၏။ ယခု အကြိမ်၌ထိုသူသည်အားစိုက်၍ကြည့်လိုက်ရာ မျက်စိအလင်းကိုပြန်လည်ရရှိသဖြင့် အရာ ခပ်သိမ်းကိုရှင်းလင်းစွာမြင်လေ၏။-
26. ကိုယ်တော်သည်သူ့အား ``ရွာထဲသို့မဝင်နှင့်'' ဟုအမိန့်ပေး၍အိမ်သို့ပြန်စေတော်မူ၏။
27. သခင်ယေရှုနှင့်တပည့်တော်တို့သည် ကဲသရိ ဖိလိပ္ပုကျေးရွာများသို့သွားကြ၏။ လမ်းတွင် ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ်သူ ဖြစ်သည်ဟု ပြောဆိုနေကြသနည်း'' ဟု တပည့်တော်တို့အားမေးတော်မူ၏။-
28. ``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က မူပရောဖက်တစ်ပါးဖြစ်သည်ဟူ၍ပြောဆိုကြ ပါသည်'' ဟုတပည့်တော်တို့လျှောက်ထားကြ၏။
29. ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြပါသနည်း'' ဟုမေး တော်မူ၏။ပေတရုက ``အရှင်သည်မေရှိယဖြစ်ပါ သည်'' ဟုဖြေဆိုလျှောက်ထား၏။
30. ထိုအခါကိုယ်တော်က ``ငါမည်သူဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောနှင့်'' ဟုတပည့်တော် တို့အားပညတ်တော်မူ၏။
31. ကိုယ်တော်က ``လူသားသည်ဒုက္ခဝေဒနာများစွာ ခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ သည်လူသားကိုပစ်ပယ်ကြလိမ့်မည်။ သူသည် အသတ်ခံရမည်။ သို့သော်အသတ်ခံရပြီးနောက် သုံးရက်ကြာသော်ရှင်ပြန်ထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူ၏။-
32. ဤသွန်သင်ချက်ကိုကိုယ်တော်သည်ပွင့်လင်းစွာ မိန့်ကြားတော်မူသတည်း။ ထို့ကြောင့်ပေတရု သည် ကိုယ်တော်ကိုနေရာတစ်ခုသို့ပင့်ခေါ်ပြီး လျှင်အပြစ်တင်စကားလျှောက်လေသည်။-
33. ကိုယ်တော်သည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူလျက် ပေတရုအား ``အချင်းစာတန်၊ ငါ့ထံမှခွာသွားလော့။ သင်သည်ဘုရားသခင် ၏ရှုထောင့်ကမတွေး၊ လူ၏ရှုထောင့်ကသာ တွေး၏'' ဟုဆုံးမတော်မူ၏။
34. ကိုယ်တော်သည်တပည့်တော်တို့နှင့်ပရိသတ်ကို အထံတော်သို့ခေါ်တော်မူပြီးလျှင် ``ငါ့တပည့် ဖြစ်လိုသူသည်ကိုယ်ကျိုးစွန့်ရမည်။ ကိုယ့် လက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ လိုက်ရမည်။-
35. မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။-
36. လူသည်ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရ သော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-