ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 8:11-29 Common Language Bible (BCL)

11. ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ကိုယ်​တော်​နှင့် အ​ခြေ​အ​တင်​ဆွေး​နွေး​ကြ​၏။ သူ​တို့​သည်​ပ​ရိ ယာယ်​ဆင်​၍ ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား နှစ်​သက်​တော်​မူ​ကြောင်း​သက်​သေ​ပြ​ရန် နိ​မိတ် လက္ခ​ဏာ​တစ်​ပါး​ကို​ပြ​တော်​မူ​ပါ'' ဟု​ကိုယ်​တော် အား​တောင်း​ဆို​ကြ​၏။-

12. ကိုယ်​တော်​သည်​သက်​ပြင်း​ချ​တော်​မူ​ပြီး​လျှင် ``ယ​ခု ခေတ်​လူ​တို့​သည်​အ​ဘယ်​ကြောင့်​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​သ​နည်း။ အ​မှန်​အ​ကန်​ငါ​ဆို​သည် ကား ဤ​သူ​တို့​အား​ထို​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

13. ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ကြွ​တော်​မူ​၍ လှေ​ပေါ်​သို့​တစ်​ဖန်​တက်​တော်​မူ​ပြီး​လျှင်​အိုင် တစ်​ဖက်​သို့​ကူး​တော်​မူ​၏။

14. တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​များ​ကို မ​ယူ​ခဲ့​မိ​ကြ။ လှေ​ပေါ်​၌​မုန့်​တစ်​လုံး​သာ​ရှိ​၏။-

15. ကိုယ်​တော်​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ တ​ဆေး​နှင့်​ဟေ​ရုဒ်​၏​တ​ဆေး​ကို​သ​တိ​နှင့် ရှောင်​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မိန့် တော်​မူ​၏။

16. တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ သည့်​အ​ကြောင်း​ကို အ​ချင်း​ချင်း​ပြော​ဆို​လျက် နေ​ကြ​၏။

17. ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ တော်​မူ​လျှင် ``သင်​တို့​သည်​စား​စ​ရာ​မ​ပါ​သည့် အ​ဖြစ်​ကို​အ​ဘယ်​ကြောင့်​ပြော​ဆို​နေ​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​မ​သိ​နား​မ​လည်​သေး​သ​လော။ သင်​တို့​၏​အ​သိ​ဉာဏ်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ထိုင်း​မှိုင်း​နေ​သ​နည်း။-

18. သင်​တို့​သည်​မျက်​စိ​ရှိ​လျက်​မ​မြင်​ကြ​ပါ သ​လော။ နား​ရှိ​လျက်​မ​ကြား​ကြ​ပါ​သ​လော။-

19. ငါ​သည်​လူ​ငါး​ထောင်​ကို​ကျွေး​ရန်​မုန့်​ငါး​လုံး ဖဲ့​ခဲ့​သည်​ကို သင်​တို့​သ​တိ​မ​ရ​ကြ​သ​လော။ ထို​အ​ခါ​က​မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း မည်​မျှ​အ​ပြည့်​ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု သူ​တို့​အား​မေး​တော်​မူ​၏။တ​ပည့်​တော်​တို့​က ``တစ်​ဆယ့်​နှစ်​တောင်း​ကောက် သိမ်း​ရ​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။

20. နောက်​တစ်​ဖန် ကိုယ်​တော်​က ``ငါ​သည်​လူ​လေး ထောင်​ကို​မုန့်​ကျွေး​ရန် မုန့်​ခု​နစ်​လုံး​ကို​ဖဲ့​ခဲ့​စဉ် အ​ခါ​က မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း​မည်​မျှ အ​ပြည့် ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။တ​ပည့်​တော်​တို့​က ``ခု​နစ်​တောင်း​ကောက်​သိမ်း ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

21. ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည် ယ​ခု တိုင်​အောင်​မ​သိ​နား​မ​လည်​ဘဲ​ရှိ​နေ​ကြ​သေး သ​လော'' ဟု​မေး​တော်​မူ​၏။

22. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဗက်​ဇဲ​ဒ​ရွာ သို့​ရောက်​ကြ​၏။ ထို​အ​ခါ​လူ​တို့​သည်​မျက်​မ​မြင် တစ်​ယောက်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့​ပြီး​လျှင် ထို သူ​အား​လက်​တော်​နှင့်​တို့​ထိ​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။-

23. ကိုယ်​တော်​သည်​မျက်​မ​မြင်​ကို​လက်​ဆွဲ​ကာ​ရွာ အ​ပြင်​သို့​ခေါ်​သွား​တော်​မူ​၏။ သူ​၏​မျက်​စိ​များ ကို​တံ​တွေး​နှင့်​ထွေး​၍ သူ​၏​အ​ပေါ်​မှာ​လက်​တော် ကို​တင်​တော်​မူ​၏။ ထို​နောက် ``သင်​ယ​ခု​မျက်​စိ မြင်​ပြီ​လော'' ဟု​မေး​တော်​မူ​၏။

24. သူ​သည်​မော်​ကြည့်​ကာ ``အ​ကျွန်ုပ်​သည်​လူ​များ ကို​မြင်​ရ​ပါ​သည်။ သို့​ရာ​တွင်​သူ​တို့​သည်​သစ်​ပင် များ​လမ်း​လျှောက်​နေ​သ​ကဲ့​သို့​ဖြစ်​နေ​ပါ​သည်'' ဟု​လျှောက်​၏။

25. ထို​အ​ခါ​ကိုယ်​တော်​သည် ထို​သူ​၏​မျက်​စိ​များ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပြန်​၏။ ယ​ခု အ​ကြိမ်​၌​ထို​သူ​သည်​အား​စိုက်​၍​ကြည့်​လိုက်​ရာ မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​သ​ဖြင့် အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​စွာ​မြင်​လေ​၏။-

26. ကိုယ်​တော်​သည်​သူ့​အား ``ရွာ​ထဲ​သို့​မ​ဝင်​နှင့်'' ဟု​အ​မိန့်​ပေး​၍​အိမ်​သို့​ပြန်​စေ​တော်​မူ​၏။

27. သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည် ကဲ​သ​ရိ ဖိ​လိပ္ပု​ကျေး​ရွာ​များ​သို့​သွား​ကြ​၏။ လမ်း​တွင် ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ်​သူ ဖြစ်​သည်​ဟု ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု တ​ပည့်​တော်​တို့​အား​မေး​တော်​မူ​၏။-

28. ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က မူ​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟူ​၍​ပြော​ဆို​ကြ ပါ​သည်'' ဟု​တ​ပည့်​တော်​တို့​လျှောက်​ထား​ကြ​၏။

29. ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။ပေ​တ​ရု​က ``အ​ရှင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ သည်'' ဟု​ဖြေ​ဆို​လျှောက်​ထား​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 8