ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 8:1-11 Common Language Bible (BCL)

1. မ​ကြာ​မီ​လူ​ပ​ရိ​သတ်​ကြီး​စု​ရုံး​မိ​ပြန်​၏။ သူ တို့​မှာ​စား​စ​ရာ​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​တော်​မူ​၍၊-

2. ``ဤ​လူ​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် ရှိ​နေ​ခဲ့​ကြ​၏။ ယ​ခု​သူ​တို့​မှာ​စား​စ​ရာ​မ​ရှိ ကြ။ သို့​ဖြစ်​၍​သူ​တို့​ကို​ငါ​သ​နား​တော်​မူ​သည်။-

3. အ​ချို့​သော​သူ​တို့​သည်​ခ​ရီး​ဝေး​မှ​လာ​ရောက်​ခဲ့ ကြ​၏။ သူ​တို့​ကို​မ​ကျွေး​မွေး​ဘဲ​အိမ်​သို့​ပြန်​စေ ပါ​လျှင် သူ​တို့​သည်​လမ်း​ခ​ရီး​တွင်​မူး​လဲ​ကုန် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

4. တ​ပည့်​တော်​တို့​က ``ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​လျှင် ထို​သူ​တို့​ကို​ကျွေး​နိုင်​လောက်​အောင်​အ​စား အ​စာ​ရ​နိုင်​ပါ​မည်​နည်း'' ဟု​ပြန်​၍​လျှောက်​ကြ​၏။

5. ကိုယ်​တော်​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။တ​ပည့်​တော်​တို့​က ``မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

6. ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​မြေ​ပေါ်​တွင် ထိုင်​စေ​တော်​မူ​ပြီး​လျှင်​မုန့်​ခု​နစ်​လုံး​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​များ​ကို​ဖဲ့​တော်​မူ​၍​လူ​တို့ အား​ဝေ​ပေး​ကြ​၏။ သူ​တို့​၌​ငါး​အ​နည်း​ငယ် လည်း​ရှိ​၏။-

7. ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပြီး​နောက် ထို​ငါး​ကို​လည်း​လူ​တို့​အား ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​ကို​စေ​ခိုင်း​တော်​မူ​၏။-

8. လူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​၏။ စား​ကြွင်း​စား​ကျန် များ​ကို​ပင်​တောင်း​ခု​နစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း ရ​ကြ​၏။-

9. မုန့်​စား​သူ​ဦး​ရေ​ကား​လေး​ထောင်​မျှ​ရှိ​သ​တည်း။ ကိုယ်​တော်​သည်​လူ​တို့​ကို​ထို​အ​ရပ်​မှ​ထွက်​ခွာ သွား​စေ​တော်​မူ​၏။-

10. ထို​နောက်​ချက်​ချင်း​ပင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​တက်​၍ ဒါ​လ​မ​နု​သ​ဒေ​သ​သို့​ကြွ တော်​မူ​၏။

11. ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ကိုယ်​တော်​နှင့် အ​ခြေ​အ​တင်​ဆွေး​နွေး​ကြ​၏။ သူ​တို့​သည်​ပ​ရိ ယာယ်​ဆင်​၍ ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား နှစ်​သက်​တော်​မူ​ကြောင်း​သက်​သေ​ပြ​ရန် နိ​မိတ် လက္ခ​ဏာ​တစ်​ပါး​ကို​ပြ​တော်​မူ​ပါ'' ဟု​ကိုယ်​တော် အား​တောင်း​ဆို​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 8