1. ဖာရိရှဲတို့နှင့်ယေရုရှလင်မြို့မှရောက်လာ ကြသောကျမ်းတတ်ဆရာအချို့တို့သည် သခင်ယေရှုထံတော်တွင်ချဉ်းကပ်ကြ၏။-
2. သူတို့သည်မဆေးကြောမစင်ကြယ်သော လက်များနှင့် တပည့်တော်တို့စားသောက်နေ ကြသည်ကိုတွေ့မြင်ကြ၏။
3. (ဖာရိရှဲများနှင့်ယုဒအမျိုးသားအပေါင်း တို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုလိုက်နာကျင့်သုံးကြ၏။ လက်ကိုလက်ကောက် ဝတ်အထိ ဦးစွာမဆေးကြောဘဲအစားအစာ စားလေ့မရှိကြ။-
4. စျေးမှဝယ်ယူသည့်အရာအားလုံးကိုမဆေး မကြောရလျှင်မစားကြ။ အိုး၊ ခွက်၊ ကြေးဖလား နှင့်ခုတင်များကိုဆေးကြောနည်းမှစသောထုံး တမ်းစဉ်လာများကို သူတို့သည်လိုက်နာကျင့်သုံး ကြ၏။)
5. သို့ဖြစ်၍ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများ က ``အဘယ်ကြောင့်ကိုယ်တော်၏တပည့်များသည် ရှေးလူကြီးများ၏ထုံးတမ်းစဉ်လာများကို မလိုက်နာကြသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။-
6. ကိုယ်တော်က ``သင်တို့၏အကြောင်းပရောဖက် ဟေရှာယဟောကြားချက်မှာမှန်လှပါသည် တကား။ သင်တို့သည်ကြောင်သူတော်များဖြစ် ကြ၏။ ထို့ကြောင့်ဟေရှာယသည်သင်တို့ကို ရည်မှတ်လျက်၊`ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီး ကူးကြ၏။သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။