ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 7:1-10 Common Language Bible (BCL)

1. ဖာ​ရိ​ရှဲ​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ ကြ​သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​ထံ​တော်​တွင်​ချဉ်း​ကပ်​ကြ​၏။-

2. သူ​တို့​သည်​မ​ဆေး​ကြော​မ​စင်​ကြယ်​သော လက်​များ​နှင့် တ​ပည့်​တော်​တို့​စား​သောက်​နေ ကြ​သည်​ကို​တွေ့​မြင်​ကြ​၏။

3. (ဖာ​ရိ​ရှဲ​များ​နှင့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။ လက်​ကို​လက်​ကောက် ဝတ်​အ​ထိ ဦး​စွာ​မ​ဆေး​ကြော​ဘဲ​အ​စား​အ​စာ စား​လေ့​မ​ရှိ​ကြ။-

4. စျေး​မှ​ဝယ်​ယူ​သည့်​အ​ရာ​အား​လုံး​ကို​မ​ဆေး မ​ကြော​ရ​လျှင်​မ​စား​ကြ။ အိုး၊ ခွက်၊ ကြေး​ဖ​လား နှင့်​ခု​တင်​များ​ကို​ဆေး​ကြော​နည်း​မှ​စ​သော​ထုံး တမ်း​စဉ်​လာ​များ​ကို သူ​တို့​သည်​လိုက်​နာ​ကျင့်​သုံး ကြ​၏။)

5. သို့​ဖြစ်​၍​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ က ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​တ​ပည့်​များ​သည် ရှေး​လူ​ကြီး​များ​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို မ​လိုက်​နာ​ကြ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။-

6. ကိုယ်​တော်​က ``သင်​တို့​၏​အ​ကြောင်း​ပ​ရော​ဖက် ဟေ​ရှာ​ယ​ဟော​ကြား​ချက်​မှာ​မှန်​လှ​ပါ​သည် တ​ကား။ သင်​တို့​သည်​ကြောင်​သူ​တော်​များ​ဖြစ် ကြ​၏။ ထို့​ကြောင့်​ဟေ​ရှာ​ယ​သည်​သင်​တို့​ကို ရည်​မှတ်​လျက်၊`ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး ကူး​ကြ​၏။သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။

7. သူ​တို့​သည်​လူ့​ပညတ်​များ​ကို​ဘု​ရား​ဟော တ​ရား​သ​ဖွယ်​သင်​ကြား​ပို့​ချ​ကြ​၏။သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း သည် အ​ချည်း​နှီး​ဖြစ်​၏'ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဖော်​ပြ​ချေ သည်။

8. ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို ပစ်​ပယ်​၍ လူ​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် နာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

9. ဆက်​လက်​၍​ကိုယ်​တော်​က``သင်​တို့​သည်​မိ​မိ​တို့ ၏​ထုံး​တမ်း​စဉ်​လာ​များ​အ​တိုင်း​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တို့​ကို​ပစ် ပယ်​ပုံ​မှာ​ကျွမ်း​ကျင်​လေ​စွ​တ​ကား။-

10. `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ မိ​ဘ​ကို ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​မော​ရှေ က​ပညတ်​ခဲ့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 7