ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 6:34-45 Common Language Bible (BCL)

34. ကိုယ်​တော်​သည်​လှေ​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​၏။ သိုး​ထိန်း​မဲ့​သည့် သိုး​များ​ကဲ့​သို့​ဖြစ်​နေ​ကြ​သ​ဖြင့် သူ​တို့​ကို သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​များ​စွာ​သော​တ​ရား စ​ကား​များ​ကို သူ​တို့​အား​ဟော​ပြော​သွန်​သင် တော်​မူ​၏။-

35. မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ဤ​အ​ရပ်​သည်​လူ သူ​မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ အ​ချိန်​လည်း​နှောင်း ပါ​ပြီ။-

36. အ​စား​အ​စာ​ဝယ်​၍​စား​နိုင်​ရန်​လူ​တို့​အား ပတ်​ဝန်း​ကျင်​ရှိ​ကျေး​လက်​တော​ရွာ​များ​သို့ စေ​လွှတ်​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

37. ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင် သူ​တို့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​ကျွေး​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။ထို​အ​ခါ​တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည် ငွေ​ဒင်္ဂါး​နှစ်​ရာ​ဖိုး​မျှ​အ​စား​အ​စာ​ဝယ်​၍ ဤ သူ​တို့​အား​ကျွေး​ရ​ပါ​မည်​လော'' ဟု​လျှောက် ထား​ကြ​၏။-

38. ကိုယ်​တော်​က ``သင်​တို့​ထံ​တွင်​အ​စား​အ​စာ​မည် မျှ​ရှိ​သ​နည်း။ သွား​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။သူ​တို့​သည်​ကြည့်​၍​တွေ့​သော​အ​ခါ ``မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

39. ကိုယ်​တော်​သည်​စိမ်း​လန်း​သော​မြက်​ခင်း​ပေါ်​တွင် လူ​အ​ပေါင်း​တို့​ကို​အ​စု​လိုက်​ထိုင်​ကြ​စေ​ရန် တ​ပည့်​တော်​တို့​အား​စေ​ခိုင်း​တော်​မူ​၏။-

40. လူ​တို့​သည်​အ​စု​လိုက်​တစ်​ရာ​စီ၊ ငါး​ဆယ်​စီ၊ စီ​တန်း​၍​ထိုင်​ကြ​၏။-

41. ထို့​နောက်​ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ် ကောင်​ကို​ယူ​တော်​မူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​၏။ မုန့်​ကို​ဖဲ့​တော်​မူ​ပြီး​လျှင် လူ​တို့​အား ဝေ​ငှ​ရန်​တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။-

42. ထို​နည်း​တူ​ငါး​နှစ်​ကောင်​ကို​လည်း​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝ စွာ​စား​ရ​ကြ​၏။-

43. ထို့​နောက်​တ​ပည့်​တော်​တို့​သည် မုန့်​နှင့်​ငါး​အ​ကြွင်း အ​ကျန်​ကို​ကောက်​သိမ်း​ရာ​တစ်​ဆယ့်​နှစ်​တောင်း အ​ပြည့်​ရ​ကြ​၏။-

44. မုန့်​စား​သူ​ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ သ​တည်း။

45. ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​အိမ် သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​တ​ပည့် တော်​တို့​အား​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍ အိုင်​တစ် ဖက်​ကမ်း​ရှိ​ဗက်​ဇဲ​ဒ​ရွာ​သို့​ကူး​နှင့်​စေ​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 6