ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 6:14-27 Common Language Bible (BCL)

14. သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​တော်​သည်​ကျော် ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​ဘု​ရင်​၏​နား​တော်​သို့​ပင် ရောက်​ရှိ​လေ​သည်။ လူ​အ​ချို့​တို့​က ``သေ​ရာ​မှ ပြန်​ရှင်​လာ​သော​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ လျက်​ရှိ​၏'' ဟု​ဆို​ကြ​၏။

15. အ​ချို့​သူ​များ​က ``ယေ​ရှု​သည်​ဧ​လိ​ယ​ဖြစ် ၏'' ဟု​ဆို​ကြ​၏။အ​ချို့​သူ​များ​က​မူ ``ယေ​ရှု​သည်​ရှေး​ပ​ရော​ဖက် များ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​၏'' ဟု ပြော​ဆို​ကြ​၏။-

16. သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဟေ​ရုဒ် က ``ငါ​ဦး​ခေါင်း​ဖြတ်​ခဲ့​သော​ယော​ဟန်​သည် အ​သက်​ပြန်​ရှင်​လေ​ပြီ'' ဟု​ဆို​၏။-

17. ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး၊ ဟေ​ရော ဒိ​အား​မိ​မိ​သိမ်း​ပိုက်​မှု​နှင့်​ပတ်​သက်​၍ ယော​ဟန် ကို​ဖမ်း​ဆီး​ပြီး​လျှင်​ထောင်​တွင်​ချုပ်​နှောင်​ထား စေ​၏။-

18. ယော​ဟန်​သည်​ဟေ​ရုဒ်​အား ``သင်​သည်​ညီ​ဖြစ်​သူ ၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု​အ​ဖန်​ဖန် ကန့်​ကွက်​ပြော​ဆို​ခဲ့​၏။

19. သို့​ဖြစ်​၍​ဟေ​ရော​ဒိ​သည်​ယော​ဟန်​ကို​ရန်​ငြိုး​ဖွဲ့ ၍​သတ်​လို​၏။ သို့​ရာ​တွင်​သတ်​ရန်​ကား​မ​တတ်​နိုင်။-

20. ယော​ဟန်​သည်​သူ​တော်​သူ​မြတ်​ဖြစ်​ကြောင်း​ဟေ​ရုဒ် သိ​သ​ဖြင့်​ကြောက်​၍ သူ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​၏။ ဟေ​ရုဒ်​သည်​ယော​ဟန်​၏​ဟော​ပြော​သွန်​သင် ချက်​များ​ကို​ကြား​နာ​ရ​သည့်​အ​ခါ​တိုင်း စိတ် မ​ငြိမ်​မ​သက်​ဖြစ်​ရ​တတ်​သော်​လည်း​ဝမ်း​မြောက် စွာ​ပင်​ကြား​နာ​လေ့​ရှိ​သည်။

21. ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​အ​တွက် အ​ခါ အ​ခွင့်​သာ​လာ​၏။ ထို​နေ့​၌​ဟေ​ရုဒ်​သည်​ဂါ​လိ​လဲ ပြည်​မှ​ခေါင်း​ဆောင်​ကြီး​များ၊ တပ်​မ​တော်​အ​ရာ​ရှိ ကြီး​များ၊ ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​လူ​ကောင်း​များ ကို​ဖိတ်​ကြား​လျက်​ည​စာ​စား​ပွဲ​တစ်​ရပ်​တည်​ခင်း ကျွေး​မွေး​၏။-

22. ထို​ည​စာ​စား​ပွဲ​သို့​ဟေ​ရော​ဒိ​၏​သ​မီး​သည် လာ​၍ အ​က​နှင့်​ဖျော်​ဖြေ​၏။ သူ​သည်​ဟေ​ရုဒ်​နှင့် ဧည့်​သည်​တော်​အ​ပေါင်း​တို့​၏​စိတ်​ကို​များ​စွာ ရွှင်​လန်း​စေ​၏။ ဘု​ရင်​မင်း​က​သူ​ငယ်​မ​အား ``သင် နှစ်​သက်​ရာ​ကို​တောင်း​လော့။ သင့်​အား​ငါ​ပေး​မည်။-

23. ငါ​၏​နိုင်​ငံ​တစ်​ဝက်​တိုင်​အောင်​သင်​တောင်း​သ​မျှ ကို​ငါ​ပေး​မည်'' ဟု​ကျိန်​ဆို​၍​ပြော​၏။

24. သူ​ငယ်​မ​သည်​မင်း​ကြီး​၏​ထံ​မှ​ထွက်​သွား​ကာ မိ​ခင်​အား ``ကျွန်​မ​သည်​အ​ဘယ်​အ​ရာ​ကို တောင်း​ခံ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ မိ​ခင်​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို​တောင်း လော့'' ဟု​ဆို​၏။

25. သူ​ငယ်​မ​သည်​ချက်​ချင်း​ပင်​မင်း​ကြီး​၏​ထံ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင် ``ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​၏​ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင် ၍ ယ​ခု​ပင်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။

26. ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။ သို့​ရာ​တွင်​ဧည့်​သည်​တော်​များ​ရှေ့ တွင် မိ​မိ​ကျိန်​ဆို​၍​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက် ၍ သူ​ငယ်​မ​၏​တောင်း​လျှောက်​ချက်​ကို​မ​ငြင်း မ​ပယ်​နိုင်။-

27. သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ ကိုယ်​ရံ​တော်​တပ်​သား​တစ်​ယောက်​ကို စေ​လွှတ်​လိုက်​၏။ တပ်​သား​သည်​အ​ကျဉ်း​ထောင်​သို့ သွား​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 6