38. ယာဣရု၏အိမ်သို့ရောက်လျှင်လူတို့ရုတ်ရုတ်သဲသဲ ဖြစ်လျက် ကျယ်လောင်စွာမြည်တမ်းငိုယိုလျက်နေ ကြသည်ကိုမြင်တော်မူ၏။-
39. ကိုယ်တော်သည်အိမ်ထဲသို့ဝင်၍ထိုသူတို့အား ``သင် တို့အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်နေကြသနည်း။ အဘယ်ကြောင့်ငိုယိုနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်၊အိပ်လျက်သာနေ၏'' ဟုမိန့်တော် မူ၏။
40. ထိုအခါလူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ ၏။ ကိုယ်တော်သည်သူတို့ကိုအပြင်သို့နှင်ထုတ်တော် မူပြီးလျှင် သူငယ်မ၏မိဘများနှင့်တပည့်တော် သုံးယောက်တို့ကိုခေါ်၍ သူငယ်မရှိရာအခန်းထဲ သို့ဝင်တော်မူ၏။-
41. သူငယ်မ၏လက်ကိုဆုပ်ကိုင်ကာ ``တလိသကုမိ'' ဟုမိန့်တော်မူ၏။ အဋ္ဌိပ္ပါယ်ကား ``ကလေးမ၊ ထလော့။ သင့်အားငါအမိန့်ရှိ၏'' ဟူဆိုလိုသည်။
42. ကိုယ်တော်မိန့်တော်မူသည့်ခဏ၌ သူငယ်မသည် ထ၍လမ်းလျှောက်လေ၏။ (သူငယ်မကားတစ်ဆယ့် နှစ်နှစ်သမီးဖြစ်သတည်း။) ထိုအခါလူတို့ သည်လွန်စွာအံ့သြကြကုန်သည်။-
43. ကိုယ်တော်က ``ဤအကြောင်းကိုအဘယ်သူအား မျှမပြောနှင့်'' ဟုသူတို့အားကြပ်တည်းစွာပညတ် တော်မူပြီးနောက် ``သူငယ်မအားအစားအစာ ကျွေးလော့'' ဟုမိန့်တော်မူ၏။