ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 5:27-28-34 Common Language Bible (BCL)

27-28. သူ​သည်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​ကို​ကြား​သိ သ​ဖြင့် ``ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို​လက်​နှင့် တို့​ထိ​ရ​လျှင်​ငါ​၏​ရော​ဂါ​ပျောက်​လိမ့်​မည်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​လျက်​လူ​အ​ပေါင်း​တို့ ကြား​မှ​တိုး​ဝင်​ကာ ကိုယ်​တော်​၏​နောက်​သို့​ရောက် ရှိ​လာ​၏။-

29. ထို​နောက်​အ​ဝတ်​တော်​ကို​တို့​ထိ​လေ​၏။ ထို​သို့​တို့​ထိ လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​သွေး​အ​သွန်​ရပ်​၍​သွား သ​ဖြင့် သူ​သည်​ရော​ဂါ​ပျောက်​ကင်း​သွား​သည့် အ​ဖြစ်​ကို​သိ​ရှိ​လာ​၏။-

30. သ​ခင်​ယေ​ရှု​သည်​အ​ထံ​တော်​မှ​တန်​ခိုး​ထွက်​သွား သည်​ကို​ချက်​ချင်း​သိ​တော်​မူ​၏။ ပ​ရိ​သတ်​ဘက်​သို့ လှည့်​တော်​မူ​၍ ``ငါ​၏​အ​ဝတ်​ကို​မည်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​တော်​မူ​၏။

31. တ​ပည့်​တော်​တို့​က ``အ​ရှင့်​ကို​တိုး​ဝှေ့​သော​လူ​ထု ကြီး​ကို​တွေ့​မြင်​တော်​မူ​ပါ​လျက် ငါ့​အား​မည်​သူ တို့​ထိ​သ​နည်း​ဟု​မေး​တော်​မူ​ပါ​သ​လော'' ဟု လျှောက်​ထား​ကြ​၏။

32. သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​အား အ​ဘယ်​သူ တို့​ထိ​သည်​ကို​သိ​ရန်​ပတ်​လည်​သို့​ကြည့်​တော် မူ​၏။-

33. အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး​သည် မိ​မိ​ခံ​စား​ရ​သည့်​အ​ဖြစ်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​ကာ ဟုတ်​တိုင်း​မှန်​ရာ​ကို​အ​ကုန်​အ​စင်​လျှောက်​ထား​၏။

34. ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့။ ရော​ဂါ​ပျောက်​ကင်း​စေ'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 5