ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 5:26-43 Common Language Bible (BCL)

26. များ​စွာ​သော​ဆ​ရာ​ဝန်​တို့​၏​ကု​သ​မှု​ကို​ခံ​ခဲ့ ရ​၏။ မိ​မိ​၌​ရှိ​သ​မျှ​ကြေး​ငွေ​များ​ပင်​ကုန်​ချေ ပြီ။ မည်​သို့​မျှ​သက်​သာ​ရာ​မ​ရ​ဘဲ​အ​ခြေ​အ​နေ ပို​၍​ပင်​ဆိုး​ရွား​လာ​၏။-

27-28. သူ​သည်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​ကို​ကြား​သိ သ​ဖြင့် ``ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို​လက်​နှင့် တို့​ထိ​ရ​လျှင်​ငါ​၏​ရော​ဂါ​ပျောက်​လိမ့်​မည်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​လျက်​လူ​အ​ပေါင်း​တို့ ကြား​မှ​တိုး​ဝင်​ကာ ကိုယ်​တော်​၏​နောက်​သို့​ရောက် ရှိ​လာ​၏။-

29. ထို​နောက်​အ​ဝတ်​တော်​ကို​တို့​ထိ​လေ​၏။ ထို​သို့​တို့​ထိ လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​သွေး​အ​သွန်​ရပ်​၍​သွား သ​ဖြင့် သူ​သည်​ရော​ဂါ​ပျောက်​ကင်း​သွား​သည့် အ​ဖြစ်​ကို​သိ​ရှိ​လာ​၏။-

30. သ​ခင်​ယေ​ရှု​သည်​အ​ထံ​တော်​မှ​တန်​ခိုး​ထွက်​သွား သည်​ကို​ချက်​ချင်း​သိ​တော်​မူ​၏။ ပ​ရိ​သတ်​ဘက်​သို့ လှည့်​တော်​မူ​၍ ``ငါ​၏​အ​ဝတ်​ကို​မည်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​တော်​မူ​၏။

31. တ​ပည့်​တော်​တို့​က ``အ​ရှင့်​ကို​တိုး​ဝှေ့​သော​လူ​ထု ကြီး​ကို​တွေ့​မြင်​တော်​မူ​ပါ​လျက် ငါ့​အား​မည်​သူ တို့​ထိ​သ​နည်း​ဟု​မေး​တော်​မူ​ပါ​သ​လော'' ဟု လျှောက်​ထား​ကြ​၏။

32. သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​အား အ​ဘယ်​သူ တို့​ထိ​သည်​ကို​သိ​ရန်​ပတ်​လည်​သို့​ကြည့်​တော် မူ​၏။-

33. အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး​သည် မိ​မိ​ခံ​စား​ရ​သည့်​အ​ဖြစ်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​ကာ ဟုတ်​တိုင်း​မှန်​ရာ​ကို​အ​ကုန်​အ​စင်​လျှောက်​ထား​၏။

34. ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့။ ရော​ဂါ​ပျောက်​ကင်း​စေ'' ဟု​မိန့်​တော်​မူ​၏။

35. ယင်း​သို့​မိန့်​တော်​မူ​ချိန်​၌​ယာ​ဣ​ရု​၏​အိမ်​မှ​လူ အ​ချို့​တို့​ရောက်​လာ​ကြ​ပြီး​လျှင် ``အ​ရှင်​၏​သ​မီး သည်​သေ​ဆုံး​ပါ​ပြီ။ ဆ​ရာ​တော်​ကို​အ​ဘယ်​ကြောင့် ဒုက္ခ​ပေး​ပါ​တော့​မည်​နည်း'' ဟု​ဆို​ကြ​၏။

36. သို့​သော်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​စ​ကား​ကို ကြား​လျှင် ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ​ယုံ​ကြည်​ခြင်း​သာ ရှိ​စေ​လော့'' ဟု​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​အား မိန့်​တော်​မူ​၏။-

37. ထို​နောက်​ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယာ​ကုပ်​၏​ညီ ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ​ကို​မျှ​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။-

38. ယာ​ဣ​ရု​၏​အိမ်​သို့​ရောက်​လျှင်​လူ​တို့​ရုတ်​ရုတ်​သဲ​သဲ ဖြစ်​လျက် ကျယ်​လောင်​စွာ​မြည်​တမ်း​ငို​ယို​လျက်​နေ ကြ​သည်​ကို​မြင်​တော်​မူ​၏။-

39. ကိုယ်​တော်​သည်​အိမ်​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​အား ``သင် တို့​အ​ဘယ်​ကြောင့်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​ငို​ယို​နေ​ကြ​သ​နည်း။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်၊​အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော် မူ​၏။

40. ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ ၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ပြင်​သို့​နှင်​ထုတ်​တော် မူ​ပြီး​လျှင် သူ​ငယ်​မ​၏​မိ​ဘ​များ​နှင့်​တ​ပည့်​တော် သုံး​ယောက်​တို့​ကို​ခေါ်​၍ သူ​ငယ်​မ​ရှိ​ရာ​အ​ခန်း​ထဲ သို့​ဝင်​တော်​မူ​၏။-

41. သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင်​ကာ ``တ​လိ​သ​ကု​မိ'' ဟု​မိန့်​တော်​မူ​၏။ အ​ဋ္ဌိပ္ပါယ်​ကား ``က​လေး​မ၊ ထ​လော့။ သင့်​အား​ငါ​အ​မိန့်​ရှိ​၏'' ဟူ​ဆို​လို​သည်။

42. ကိုယ်​တော်​မိန့်​တော်​မူ​သည့်​ခ​ဏ​၌ သူ​ငယ်​မ​သည် ထ​၍​လမ်း​လျှောက်​လေ​၏။ (သူ​ငယ်​မ​ကား​တစ်​ဆယ့် နှစ်​နှစ်​သ​မီး​ဖြစ်​သ​တည်း။) ထို​အ​ခါ​လူ​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​ကုန်​သည်။-

43. ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​အ​ဘယ်​သူ​အား မျှ​မ​ပြော​နှင့်'' ဟု​သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​ပြီး​နောက် ``သူ​ငယ်​မ​အား​အ​စား​အ​စာ ကျွေး​လော့'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 5