19. ကိုယ်တော်ကားခွင့်ပြုတော်မမူ။ ``သင်၏အိမ်သို့ သွားလော့။ ဘုရားသခင်သည်သင့်အားမည်မျှ ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနား တော်မူကြောင်းကိုဆွေမျိုးသားချင်းတို့အား ပြောပြလော့'' ဟုမိန့်တော်မူ၏။
20. ထိုသူသည်ထွက်သွား၍မိမိအားသခင်ယေရှု သည် အဘယ်သို့ကျေးဇူးပြုတော်မူကြောင်း ကို ဒေကာပေါလိဟုနာမည်တွင်သောပြည် တစ်လျှောက်လုံးတွင်အနှံ့အပြားပြောကြား လေ၏။ ကြားရသောသူအပေါင်းတို့သည် အံ့သြကြ၏။
21. သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊-
22. ယာဣရုဆိုသူတရားဇရပ်အုပ်ချုပ်ရေးမှူး သည်ရောက်လာ၏။-
23. သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။
24. သခင်ယေရှုသည်ယာဣရုနှင့်အတူလိုက်သွား၏။ များစွာသောလူပရိသတ်သည်နောက်တော်က လိုက်သဖြင့်ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။
25. အမျိုးသမီးတစ်ယောက်သည်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်လျက်ပြင်းစွာဝေဒနာခံ ခဲ့ရ၏။-
26. များစွာသောဆရာဝန်တို့၏ကုသမှုကိုခံခဲ့ ရ၏။ မိမိ၌ရှိသမျှကြေးငွေများပင်ကုန်ချေ ပြီ။ မည်သို့မျှသက်သာရာမရဘဲအခြေအနေ ပို၍ပင်ဆိုးရွားလာ၏။-
27-28. သူသည်သခင်ယေရှု၏အကြောင်းကိုကြားသိ သဖြင့် ``ကိုယ်တော်၏အဝတ်တော်ကိုလက်နှင့် တို့ထိရလျှင်ငါ၏ရောဂါပျောက်လိမ့်မည်'' ဟု တစ်ကိုယ်တည်းပြောဆိုလျက်လူအပေါင်းတို့ ကြားမှတိုးဝင်ကာ ကိုယ်တော်၏နောက်သို့ရောက် ရှိလာ၏။-
29. ထိုနောက်အဝတ်တော်ကိုတို့ထိလေ၏။ ထိုသို့တို့ထိ လိုက်သည်နှင့်တစ်ပြိုင်နက်သွေးအသွန်ရပ်၍သွား သဖြင့် သူသည်ရောဂါပျောက်ကင်းသွားသည့် အဖြစ်ကိုသိရှိလာ၏။-