ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 5:1-5 Common Language Bible (BCL)

1. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​အိုင် တစ်​ဖက်​ကမ်း​တွင်​ရှိ​သော​ဂါ​ရ​စ​ဒေ​သ​သို့ ရောက်​ကြ​၏။-

2. ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။-

3. သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​နေ​၏။ သူ့ အား​မည်​သူ​မျှ​သံ​ကြိုး​နှင့်​ချည်​နှောင်​၍​မ​ထား နိုင်။-

4. သူ့​အား​ကြိမ်​ဖန်​များ​စွာ​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ​ထိတ် များ​ခတ်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ ထိတ်​များ​သာ​ပြတ်​သွား​ခဲ့​၏။ မည်​သူ​မျှ​သူ့​အား နှိမ်​နင်း​၍​မ​ရ။-

5. သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​လည်း​ကောင်း၊ တောင်​ကုန်း​များ​အ​ထက်​တွင်​လည်း​ကောင်း​နေ့​ည မ​ပြတ်​ဟစ်​အော်​လျက် မိ​မိ​ကိုယ်​ကို​ကျောက်​စောင်း များ​ဖြင့်​အ​နာ​တ​ရ​ဖြစ်​စေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 5