ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 4:7-14-15 Common Language Bible (BCL)

7. အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၍​ဆူး ပင်​များ​ကြီး​ထွား​လာ​ပြီး​လျှင် အ​ပင်​ငယ်​တို့ ကို​လွှမ်း​မိုး​သ​ဖြင့်​သီး​နှံ​မ​ဖြစ်​ပွား​နိုင်။-

8. အ​ချို့​မျိုး​စေ​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​သ​ဖြင့် အ​ပင်​များ​ပေါက်​၍​ကြီး​ထွား​လာ လျက်​အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ တစ်​ရာ​သီး​နှံ​များ​ကို​ထွက်​စေ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

9. ထို​နောက်​ကိုယ်​တော်​က ``ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။

10. လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌​တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​တ​ကွ နောက်​တော်​ပါး​မှ​လိုက်​လာ သူ​တို့​သည် ပုံ​ဥ​ပ​မာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-

11. ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော ခက်​ခဲ​နက်​နဲ​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သိ​နိုင်​ခွင့်​ရ​ရှိ​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခွင့်​မ​ရ​သော​သူ​တို့​ကား ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​သာ​ကြား​သိ​ရ​ပေ​သည်။-

12. အ​ဘယ်​ကြောင့်​ဆို​သော်၊`သူ​တို့​သည်​ကြည့်​လျက်​နှင့်​လည်း​မ​မြင်၊ ကြား​လျက်​နှင့်​လည်း​နား​မ​လည်​ကြ။အ​ကယ်​၍​သူ​တို့​သာ​မြင်​၍​နား​လည်​ပါ​မူဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြောင်း​လဲ​ကြ​မည် ဖြစ်​သ​ဖြင့်၊ကိုယ်​တော်​သည်​သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပေ​အံ့'ဟု​ကျမ်း​စာ​လာ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

13. ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​ကြ​လျှင် အ​ဘယ်​ပုံ​ဥ​ပ​မာ​ကို​နား လည်​နိုင်​ကြ​မည်​နည်း။-

14-15. လူ​အ​ချို့​တို့​သည်​လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့် တူ​၏။ မျိုး​ကြဲ​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​မျိုး​စေ့​ကို​ကြဲ​သ​ဖြင့် လူ​တို့​ကြား​သည် နှင့်​တစ်​ပြိုင်​နက်​စာ​တန်​သည်​လာ​၍​ထို​တ​ရား​တော် ကို​သူ​၏​စိတ်​နှ​လုံး​မှ​နုတ်​ယူ​သွား​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 4