ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 4:1-10 Common Language Bible (BCL)

1. ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​တွင် တစ် ဖန်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြန်​၏။ လူ​ပ​ရိ​သတ် ကြီး​သည်​အ​ထံ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။ ပ​ရိ​သတ်​ကြီး​မား​သ​ဖြင့် ကိုယ်​တော်​သည်​အိုင်​ထဲ ရှိ​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍​ထိုင်​တော်​မူ​၏။ လူ အ​ပေါင်း​တို့​သည်​ကမ်း​ခြေ​ရေ​စပ်​တွင်​ရှိ​နေ​ကြ​၏။-

2. ကိုယ်​တော်​က​ပုံ​ဥ​ပ​မာ​ဆောင်​၍​များ​စွာ​သော အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင်​တော်​မူ​၏။-

3. သို့​သွန်​သင်​ရာ​တွင်​ကိုယ်​တော်​က ``နား​ထောင် ကြ​လော့။ မျိုး​ကြဲ​သူ​တစ်​ယောက်​သည်​မျိုး​ကြဲ ရန်​ထွက်​ခွာ​သွား​၏။-

4. မျိုး​ကြဲ​သော​အ​ခါ​အ​ချို့​မျိုး​စေ့​တို့​သည်​လမ်း တွင်​ကျ​သ​ဖြင့် ငှက်​တို့​သည်​လာ​၍​စား​ကြ​၏။-

5. အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၍ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊-

6. နေ​ပူ​သော​အ​ခါ​အ​မြစ်​မ​စွဲ​သ​ဖြင့်​ညှိုး​နွမ်း ခြောက်​သွေ့​လေ​၏။-

7. အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၍​ဆူး ပင်​များ​ကြီး​ထွား​လာ​ပြီး​လျှင် အ​ပင်​ငယ်​တို့ ကို​လွှမ်း​မိုး​သ​ဖြင့်​သီး​နှံ​မ​ဖြစ်​ပွား​နိုင်။-

8. အ​ချို့​မျိုး​စေ​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​သ​ဖြင့် အ​ပင်​များ​ပေါက်​၍​ကြီး​ထွား​လာ လျက်​အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ တစ်​ရာ​သီး​နှံ​များ​ကို​ထွက်​စေ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

9. ထို​နောက်​ကိုယ်​တော်​က ``ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။

10. လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌​တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​တ​ကွ နောက်​တော်​ပါး​မှ​လိုက်​လာ သူ​တို့​သည် ပုံ​ဥ​ပ​မာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 4