ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 3:19-35 Common Language Bible (BCL)

19. နောင်​အ​ခါ​ကိုယ်​တော်​ကို​သစ္စာ​ဖောက်​သူ​ယု​ဒ ရှ​ကာ​ရုတ်​တို့​ဖြစ်​၏။

20. ထို​နောက်​ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​တော်​မူ​၏။ လူ တို့​သည်​စု​ရုံး​လာ​ကြ​ပြန်​သည်။ ထို့​ကြောင့်​ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​မှာ​အ​စား​အ​စာ​သုံး​ဆောင်​ရန် ပင်​အ​ခွင့်​မ​ရ​ကြ။-

21. လူ​အ​ချို့​တို့​က ``ကိုယ်​တော်​သည်​စိတ်​ဖောက်​ပြန် သွား​ပြီ'' ဟု​ပြော​ဆို​နေ​ကြ​၏။ ဤ​အ​ကြောင်း​ကို ကိုယ်​တော်​၏​မိ​သား​စု​တို့​ကြား​ကြ​လျှင် ကိုယ်​တော် ကို​စောင့်​ရှောက်​ရန်​အ​ထံ​တော်​သို့​လိုက်​လာ​ကြ​၏။

22. ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​ကြ​သော​ကျမ်း​တတ် ဆ​ရာ​များ​က ``ကိုယ်​တော်​သည်​ဗေ​လ​ဇေ​ဗု​လ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ်​သည်။ ထို​နတ်​မိစ္ဆာ​ဘု​ရင် ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု ဆို​ကြ​၏။

23. ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​တော်​မူ​ပြီး​လျှင် ပုံ​ဥ​ပ​မာ​ဆောင်​၍ ``စာ​တန်​သည်​အ​ဘယ်​သို့ လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​နှင်​ထုတ်​နိုင်​မည်​နည်း။-

24. လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​နိုင်​ငံ သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-

25. အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ သော​အိမ်​ထောင်​သည်​ရပ်​တည်​နိုင်​မည်​မ​ဟုတ်။-

26. ထို​နည်း​တူ​စွာ​စာ​တန်​သည်​မိ​မိ​ကိုယ်​ကို ရန်​ဖက်​ပြု​၍​ကွဲ​ပြား​လျှင် သူ​သည်​လည်း မ​ရပ်​မ​တည်​နိုင်​ရာ၊ ပျက်​စီး​ရ​မည်​သာ​ဖြစ်​၏။

27. ခွန်​အား​ကြီး​သူ​ကို​ဦး​စွာ​မ​ချည်​မ​နှောင်​ဘဲ​သူ ၏​အိမ်​သို့​ဝင်​၍ ဥစ္စာ​ပစ္စည်း​များ​ကို​မည်​သူ​မျှ​မ​လု မ​ယူ​နိုင်။ ချည်​နှောင်​ပြီး​မှ​သာ​လု​ယူ​နိုင်​ပေ​မည်။

28. ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​လူ တို့​သည် မိ​မိ​တို့​လွန်​ကူး​သော​အ​ပြစ်​ရှိ​သ​မျှ အ​တွက်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား သော​စ​ကား​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း အ​ပြစ် လွတ်​ငြိမ်း​နိုင်​ခွင့်​ရှိ​သည်။-

29. သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ကို​ပြစ်​မှား သော​သူ​မူ​ကား အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​နိုင်​လိမ့်​မည် မ​ဟုတ်။ သူ​သည်​ထာ​ဝ​ရ​အ​ပြစ်​ကို​ကူး​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။-

30. (ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ​လူ​အ​ချို့​တို့​က ကိုယ်​တော်​အား​ညစ်​ညမ်း သော​နတ်​စွဲ​ကပ်​သူ​ဟု​စွပ်​စွဲ​ကြ​သော​ကြောင့် ဖြစ်​၏။)

31. ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည်​ရောက် လာ​ကြ​၏။ အိမ်​ပြင်​တွင်​ရပ်​၍​ကိုယ်​တော်​ကို အ​ခေါ်​ခိုင်း​ကြ​၏။-

32. လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခြံ​ရံ​လျက် ထိုင်​နေ​ကြ​၏။ သူ​တို့​က ``ကိုယ်​တော်​ရှင်​၏​မယ်​တော်၊ ညီ​တော်​များ​နှင့်​ညီ​မ​များ​အိမ်​အ​ပြင်​တွင်​ရောက် ရှိ​နေ​ကြ​ပါ​သည်။ ကိုယ်​တော်​ရှင်​ကို​ရှာ​လျက်​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

33. ကိုယ်​တော်​က ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား​အ​ဘယ် သူ​များ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-

34. ထို​နောက်​မိ​မိ​ပတ်​လည်​တွင်​ထိုင်​နေ​သူ​များ​ကို ကြည့်​တော်​မူ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား ဤ​သူ​တို့​တည်း။-

35. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက် သူ​မှန်​သ​မျှ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့ ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 3