24. ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေယူကြ၏။-
25. ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အချိန်မှာ နံနက်ကိုးနာရီဖြစ်၏။-
26. ကိုယ်တော်၏ပြစ်မှုကိုကမ္ပည်းရေးထိုး၍လက်ဝါး ကပ်တိုင်အထက်တွင်တင်ထားသည်ကား ``ယုဒ ရှင်ဘုရင်'' ဟူ၍ဖြစ်သတည်း။-
27. ကိုယ်တော်နှင့်အတူဋ္ဌားပြနှစ်ယောက်ကိုလက် ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက် တွင်တစ်ယောက်လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ကြ၏။-
28. (ဤသို့လျှင် ``ရာဇဝတ်မှုကူးလွန်သူများစာ ရင်းတွင်ကိုယ်တော်ပါဝင်၏'' ဟူသောကျမ်းစကား သည်မှန်၍လာတော့၏။)
29. လမ်းသွားလမ်းလာသူတို့သည်ခေါင်းညိတ်လျက် ``ဟဲ့ဗိမာန်တော်ကိုဖြိုဖျက်၍သုံးရက်အတွင်း ပြန်လည်တည်ဆောက်မည့်သူ၊-
30. လက်ဝါးကပ်တိုင်ပေါ်မှဆင်းခဲ့လော့။ သင့်ကိုယ် ကိုသင်ကယ်တင်လော့'' ဟုဆို၍ကိုယ်တော်ကို သရော်ကြ၏။-
31. ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများသည်ပြောင်လှောင်ကြ၏။ ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။-
32. ဣသရေလရှင်ဘုရင်၊ မေရှိယအရှင်သည် လက်ဝါးကပ်တိုင်မှယခုဆင်းခဲ့ပါစေ။ သို့ ဆင်းသည်ကိုမြင်ရလျှင်ငါတို့ယုံကြည် ပေအံ့'' ဟုအချင်းချင်းပြောဆိုလျက် သရော်ကြ၏။ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင် အတင်ခံရသောသူများကလည်း ကိုယ်တော် ကိုပြက်ရယ်ပြုကြ၏။
33. မွန်းတည့်ချိန်မှစ၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျ လေ၏။-
34. မွန်းလွဲသုံးနာရီချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်စွာကြွေး ကြော်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူသနည်း'' ဟူ၏။
35. အနီးတွင်ရပ်နေသူလူအချို့တို့သည်ထို စကားကိုကြားလျှင် ``ကြည့်လော့။ သူသည် ဧလိယကိုခေါ်လျက်နေ၏'' ဟုဆိုကြ၏။-
36. လူတစ်ယောက်သည်ပြေး၍ပုံးရေကိုပင်လယ် ရေမြှုပ်ဖြင့်စုပ်ယူ၏။ ထိုနောက်ရေမြှုပ်ကိုကူ ရိုးအဖျားတွင်တပ်၍ ကိုယ်တော်အားသောက်ရန် ဆက်ကပ်လျက် ``သူ့ကိုကယ်ရန်ဧလိယလာ မလာငါတို့ကြည့်ကြကုန်အံ့'' ဟုဆို၏။
37. သခင်ယေရှုသည်ကျယ်စွာကြွေးကြော်တော် မူပြီးနောက်အသက်ချုပ်တော်မူ၏။-
38. ထိုအခါဗိမာန်တော်ကန့်လန့်ကာသည် အထက် စွန်းမှအောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။-