ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 14:34-48 Common Language Bible (BCL)

34. ``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။

35-36. ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။

37. ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ သူ​တို့​အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော် က ``ရှိ​မုန်၊ သင်​သည်​အိပ်​ပျော်​နေ​သ​လော။ မ​အိပ်​ဘဲ တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ​နိုင်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။-

38. ထို့​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​စုံ​စမ်း သွေး​ဆောင်​ရာ​သို့​မ​လိုက်​မ​ပါ​အံ့​သော​ငှာ ဆု တောင်း​လျက်​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော် လည်း​ကိုယ်​ခန္ဓာ​ကား​အား​နည်း​သည်'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။

39. ကိုယ်​တော်​သည်​တစ်​ဖန်​ကြွ​တော်​မူ​ပြန်​၍ အ​ထက်​နည်း​အ​တိုင်း​ဆု​တောင်း​တော်​မူ​၏။-

40. ထို့​နောက်​တ​ပည့်​တော်​သုံး​ဦး​တို့​ထံ​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မျက်​စိ လေး​လံ​သ​ဖြင့် တစ်​ဖန်​အိပ်​ပျော်​နေ​ကြ​သည် ကို​တွေ့​မြင်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော် အား​အ​ဘယ်​သို့​လျှောက်​ထား​ရ​မည်​ကို မ​သိ​ကြ။

41. ကိုယ်​တော်​သည်​သူ​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် ကြွ​လာ​တော်​မူ​၍ ``သင်​တို့​သည်​ယ​ခု​တိုင်​အိပ် ပျော်​လျက်၊ နား​လျက်​နေ​ကြ​သေး​သ​လော။ တော် လောက်​ပြီ။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက် သို့​အပ်​နှံ​သော​အ​ချိန်​ယ​ခု​ရောက်​လာ​ပြီ။-

42. လာ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​အား​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ရောက်​လာ​ပြီ'' ဟု မိန့်​တော်​မူ​၏။

43. ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​တွင် တစ်​ကျိပ် နှစ်​ပါး​အ​ဝင်​ဖြစ်​သော​ယု​ဒ​ရောက်​ရှိ​လာ​၏။ သူ​နှင့်​အ​တူ​တုတ်၊ ဋ္ဌား​ကိုင်​သူ​လူ​အ​မြောက် အ​မြား​ပါ​၏။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​က​စေ​လွှတ်​၍​ရောက်​ရှိ လာ​ကြ​ခြင်း​ဖြစ်​သည်။-

44. ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ က ``ငါ​နမ်း​ရှုပ်​နှုတ်​ဆက်​သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​၍​အ​စောင့်​နှင့်​ခေါ်​သွား​ကြ လော့'' ဟု​သူ​တို့​အား​အ​မှတ်​ပေး​ခဲ့​၏။

45. သူ​သည်​ရောက်​လာ​ပြီး​လျှင်​ချက်​ချင်း​ပင် ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ကာ ``အ​ရှင်​ဘု​ရား'' ဟု​ဆို​၍​ကိုယ်​တော်​ကို​နမ်း​ရှုပ်​လေ​သည်။-

46. လူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။-

47. ထို​အ​ခါ​အ​နီး​တွင်​ရပ်​နေ​သူ​လူ​တစ်​ဦး​သည် ဋ္ဌား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန် တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ​နား​ရွက် ပြတ်​လေ​၏။-

48. သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို ဖမ်း​ဆီး​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​ဆီး​ရန်​တုတ်၊ ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 14