23. စပျစ်ရည်ခွက်ကိုလည်းယူ၍ဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် သူတို့ အားပေးတော်မူလျှင်သူတို့အားလုံးသည် သောက်ကြ၏။-
24. ကိုယ်တော်က ``ဤစပျစ်ရည်ကားလူအများ အတွက်သွန်းသော ဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်နှိပ်သောငါ၏သွေးဖြစ်၏။-
25. သင်တို့အားငါဆိုသည်ကားဘုရားသခင်၏ နိုင်ငံတော်တွင် စပျစ်ရည်သစ်ကိုသောက်ရသည့် နေ့မတိုင်မီ ငါသည်ဤစပျစ်ရည်ကိုနောက်တစ် ဖန်သောက်တော့မည်မဟုတ်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
26. ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မ သီချင်းဆိုပြီးလျှင်သံလွင်တောင်သို့ထွက် သွားကြ၏။
27. သခင်ယေရှုက ``ကျမ်းစာတော်တွင် `ငါသည်သိုး ထိန်းကိုရိုက်သတ်သဖြင့် သိုးတို့သည်ကစဥ့်ကရဲ ဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့်အညီသင်တို့ သည်ငါ့ကိုစွန့်၍ထွက်ပြေးကြလိမ့်မည်။-
28. သို့ရာတွင်ငါသည်သေခြင်းမှထမြောက်ပြီး နောက် ဂါလိလဲပြည်သို့သင်တို့အလျင်သွား နှင့်မည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
29. ပေတရုက ``အခြားသူအပေါင်းတို့အရှင့်ကို စွန့်ပစ်ကြသော်လည်း အကျွန်ုပ်မစွန့်ပစ်ပါ'' ဟု ကိုယ်တော်အားလျှောက်ထား၏။
30. သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ည၌ပင်ကြက်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်တိုင်တိုင်ငါ့ကိုမသိဟုငြင်း ဆိုလိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
31. သို့ရာတွင်ပေတရုက ``အကျွန်ုပ်သည်အရှင် နှင့်အတူပင်သေရသော်လည်း အရှင့်ကိုမသိ ဟုငြင်းဆိုမည်မဟုတ်ပါ'' ဟုအလေးအနက် လျှောက်ထား၏။အခြားတပည့်တော်တို့သည်လည်း ဤနည်း အတိုင်းလျှောက်ထားကြ၏။