ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 14:19-37 Common Language Bible (BCL)

19. တ​ပည့်​တော်​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ်​ဦး နောက်​တစ်​ဦး​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

20. ကိုယ်​တော်​က ``ထို​သူ​သည်​တစ်​ကျိပ်​နှစ်​ပါး​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။ ငါ​နှိုက်​သော​ပန်း​ကန်​တွင် နှိုက်​၍​စား​သူ​ဖြစ်​၏။-

21. ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရ​မည်။ သို့​ရာ​တွင်​လူ​သား​အား​ရန်​သူ့​လက်​သို့ အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​သာ​၍​ကောင်း​သေး​၏'' ဟု မိန့်​တော်​မူ​၏။

22. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ​စား နေ​ကြ​စဉ်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့်​ကား​ငါ​၏​ကိုယ် ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု​မိန့်​တော်​မူ ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး​တော် မူ​၏။

23. စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက် သူ​တို့ အား​ပေး​တော်​မူ​လျှင်​သူ​တို့​အား​လုံး​သည် သောက်​ကြ​၏။-

24. ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။-

25. သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တွင် စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့် နေ့​မ​တိုင်​မီ ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ် ဖန်​သောက်​တော့​မည်​မ​ဟုတ်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။

26. ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ သီ​ချင်း​ဆို​ပြီး​လျှင်​သံ​လွင်​တောင်​သို့​ထွက် သွား​ကြ​၏။

27. သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ငါ​သည်​သိုး ထိန်း​ကို​ရိုက်​သတ်​သ​ဖြင့် သိုး​တို့​သည်​က​စဥ့်​က​ရဲ ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သင်​တို့ သည်​ငါ့​ကို​စွန့်​၍​ထွက်​ပြေး​ကြ​လိမ့်​မည်။-

28. သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက်​ပြီး နောက် ဂါ​လိ​လဲ​ပြည်​သို့​သင်​တို့​အ​လျင်​သွား နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။

29. ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​အ​ရှင့်​ကို စွန့်​ပစ်​ကြ​သော်​လည်း အ​ကျွန်ုပ်​မ​စွန့်​ပစ်​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။

30. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ည​၌​ပင်​ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​တိုင်​တိုင်​ငါ့​ကို​မ​သိ​ဟု​ငြင်း ဆို​လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။

31. သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​ပင်​သေ​ရ​သော်​လည်း အ​ရှင့်​ကို​မ​သိ ဟု​ငြင်း​ဆို​မည်​မ​ဟုတ်​ပါ'' ဟု​အ​လေး​အ​နက် လျှောက်​ထား​၏။အ​ခြား​တ​ပည့်​တော်​တို့​သည်​လည်း ဤ​နည်း အ​တိုင်း​လျှောက်​ထား​ကြ​၏။

32. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂေ​သ​ရှေ​မန် ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။ ကိုယ် တော်​သည် ``ငါ​ဆု​တောင်း​နေ​စဉ်​သင်​တို့​ဤ​နေ​ရာ ၌​ထိုင်​နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မှာ ကြား​ပြီး​နောက်၊-

33. ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို​မိ​မိ​နှင့် အ​တူ​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည် ပြင်း​စွာ​ပူ​ပင်​သော​က​ဖြစ်​တော်​မူ​သ​ဖြင့်၊-

34. ``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။

35-36. ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။

37. ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ သူ​တို့​အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော် က ``ရှိ​မုန်၊ သင်​သည်​အိပ်​ပျော်​နေ​သ​လော။ မ​အိပ်​ဘဲ တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ​နိုင်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 14