ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 14:15-29 Common Language Bible (BCL)

15. သူ​သည်​အ​ထက်​ထပ်​ရှိ​အ​သင့်​ပြင်​ဆင်​ခင်း​ကျင်း ထား​သော​အ​ခန်း​ကြီး​ကို​သင်​တို့​အား​ပြ​လိမ့်​မည်။ ယင်း​အ​ခန်း​တွင်​ငါ​တို့​အ​တွက်​ည​စာ​ကို​ပြင် ကြ​လော့'' ဟု​မိန့်​မှာ​၍​စေ​လွှတ်​တော်​မူ​၏။

16. ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင် မြို့​တွင်း​သို့​ဝင်​ကြ​၏။ မြို့​ထဲ​သို့​ရောက်​သော အ​ခါ​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​လိုက်​သည့်​အ​တိုင်း တွေ့​၍ ပ​သ​ခါ​ည​စာ​ကို​အ​သင့်​ပြင်​ကြ​၏။

17. ည​ချမ်း​အ​ချိန်​ရောက်​သော် ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​၏။-

18. သူ​တို့​သည်​စား​ပွဲ​မှာ​ထိုင်​လျက်​စား​နေ​ကြ​စဉ် သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​အ​နက်​ငါ​နှင့်​အ​တူ​စား​နေ သူ​တစ်​ဦး​သည်​ငါ့​ကို​သစ္စာ​ဖောက်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

19. တ​ပည့်​တော်​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ်​ဦး နောက်​တစ်​ဦး​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

20. ကိုယ်​တော်​က ``ထို​သူ​သည်​တစ်​ကျိပ်​နှစ်​ပါး​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။ ငါ​နှိုက်​သော​ပန်း​ကန်​တွင် နှိုက်​၍​စား​သူ​ဖြစ်​၏။-

21. ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရ​မည်။ သို့​ရာ​တွင်​လူ​သား​အား​ရန်​သူ့​လက်​သို့ အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​သာ​၍​ကောင်း​သေး​၏'' ဟု မိန့်​တော်​မူ​၏။

22. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ​စား နေ​ကြ​စဉ်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့်​ကား​ငါ​၏​ကိုယ် ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု​မိန့်​တော်​မူ ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး​တော် မူ​၏။

23. စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက် သူ​တို့ အား​ပေး​တော်​မူ​လျှင်​သူ​တို့​အား​လုံး​သည် သောက်​ကြ​၏။-

24. ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။-

25. သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တွင် စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့် နေ့​မ​တိုင်​မီ ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ် ဖန်​သောက်​တော့​မည်​မ​ဟုတ်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။

26. ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ သီ​ချင်း​ဆို​ပြီး​လျှင်​သံ​လွင်​တောင်​သို့​ထွက် သွား​ကြ​၏။

27. သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ငါ​သည်​သိုး ထိန်း​ကို​ရိုက်​သတ်​သ​ဖြင့် သိုး​တို့​သည်​က​စဥ့်​က​ရဲ ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သင်​တို့ သည်​ငါ့​ကို​စွန့်​၍​ထွက်​ပြေး​ကြ​လိမ့်​မည်။-

28. သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက်​ပြီး နောက် ဂါ​လိ​လဲ​ပြည်​သို့​သင်​တို့​အ​လျင်​သွား နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။

29. ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​အ​ရှင့်​ကို စွန့်​ပစ်​ကြ​သော်​လည်း အ​ကျွန်ုပ်​မ​စွန့်​ပစ်​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 14