ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 14:10-22 Common Language Bible (BCL)

10. တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော​ယု​ဒ ရှ​ကာ​ရုတ်​သည် ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့ အပ်​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ထံ​သို့​သွား​၏။-

11. ထို​သူ​တို့​သည်​သူ​လာ​ရ​သည့်​အ​ကြောင်း​ကို ကြား​သိ​သော​အ​ခါ ဝမ်း​မြောက်​သ​ဖြင့်​သူ့​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ယု​ဒ သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​လျက်​နေ​၏။

12. ပ​သ​ခါ​သိုး​သူ​ငယ်​ကို​သတ်​၍​ပူ​ဇော်​ရ​သော နေ့​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ နေ့​၌​တ​ပည့်​တော်​တို့​က ``အ​ရှင့်​အ​တွက်​ပ​သ​ခါ ပွဲ​ည​စာ​ကို အ​ကျွန်ုပ်​တို့​အ​ဘယ်​အ​ရပ်​သို့​သွား ၍​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

13. ကိုယ်​တော်​က​တ​ပည့်​တော်​နှစ်​ယောက်​အား ``သင်​တို့ သည်​မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ထမ်း​လာ​သူ​လူ တစ်​ယောက်​သည် သင်​တို့​ကို​ကြို​ဆို​လိမ့်​မည်။-

14. ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​လော့။ သူ​ဝင်​သော အိမ်​မှ​အိမ်​ရှင်​အား ``ဆ​ရာ​တော်​နှင့်​တ​ပည့်​များ ပ​သ​ခါ​ပွဲ​ည​စာ​ကို​စား​ရန်​အ​ခန်း​ကား​အ​ဘယ် မှာ​နည်း'' ဟု​ဆ​ရာ​တော်​က​မေး​ကြောင်း​ပြော ကြ​လော့။-

15. သူ​သည်​အ​ထက်​ထပ်​ရှိ​အ​သင့်​ပြင်​ဆင်​ခင်း​ကျင်း ထား​သော​အ​ခန်း​ကြီး​ကို​သင်​တို့​အား​ပြ​လိမ့်​မည်။ ယင်း​အ​ခန်း​တွင်​ငါ​တို့​အ​တွက်​ည​စာ​ကို​ပြင် ကြ​လော့'' ဟု​မိန့်​မှာ​၍​စေ​လွှတ်​တော်​မူ​၏။

16. ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင် မြို့​တွင်း​သို့​ဝင်​ကြ​၏။ မြို့​ထဲ​သို့​ရောက်​သော အ​ခါ​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​လိုက်​သည့်​အ​တိုင်း တွေ့​၍ ပ​သ​ခါ​ည​စာ​ကို​အ​သင့်​ပြင်​ကြ​၏။

17. ည​ချမ်း​အ​ချိန်​ရောက်​သော် ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​၏။-

18. သူ​တို့​သည်​စား​ပွဲ​မှာ​ထိုင်​လျက်​စား​နေ​ကြ​စဉ် သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​အ​နက်​ငါ​နှင့်​အ​တူ​စား​နေ သူ​တစ်​ဦး​သည်​ငါ့​ကို​သစ္စာ​ဖောက်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

19. တ​ပည့်​တော်​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ်​ဦး နောက်​တစ်​ဦး​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

20. ကိုယ်​တော်​က ``ထို​သူ​သည်​တစ်​ကျိပ်​နှစ်​ပါး​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။ ငါ​နှိုက်​သော​ပန်း​ကန်​တွင် နှိုက်​၍​စား​သူ​ဖြစ်​၏။-

21. ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရ​မည်။ သို့​ရာ​တွင်​လူ​သား​အား​ရန်​သူ့​လက်​သို့ အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​သာ​၍​ကောင်း​သေး​၏'' ဟု မိန့်​တော်​မူ​၏။

22. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ​စား နေ​ကြ​စဉ်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့်​ကား​ငါ​၏​ကိုယ် ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု​မိန့်​တော်​မူ ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး​တော် မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 14