1. ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲတော်ကျရောက် ရန် နှစ်ရက်မျှအလိုတွင်ယဇ်ပုရောဟိတ်မင်း များနှင့်ကျမ်းတတ်ဆရာများသည် ကိုယ်တော် ကိုတိတ်တဆိတ်ဖမ်းဆီး၍သတ်ရန်နည်း လမ်းရှာကြံလျက်နေကြ၏။-
2. သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်စရာရှိသဖြင့် ပွဲတော်ရက်အတွင်း၌ မဖမ်းဆီးကြနှင့်'' ဟုဆိုကြ၏။
3. သခင်ယေရှုသည်ဗေသနိရွာ၌ အရေပြား ရောဂါစွဲကပ်ဖူးသူရှိမုန်၏အိမ်တွင်ရှိ၍ အစားအစာသုံးဆောင်တော်မူစဉ်အမျိုး သမီးတစ်ယောက်သည် အလွန်အဖိုးထိုက် သောနာဒုဆီမွှေးအစစ်ကျောက်ဖြူဘူး ကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်း လောင်းလေသည်။-
4. လူအချို့တို့သည်ဒေါသထွက်၍ ``အဘယ် ကြောင့်ဆီမွှေးကိုဤသို့အကျိုးမဲ့ဖြုန်းတီး ပါသနည်း။-
5. ဤဆီမွှေးကိုဒေနာရိအပြားသုံးရာကျော်နှင့် ရောင်း၍ ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု အချင်းချင်းပြောဆိုကာအမျိုးသမီးကို အပြစ်တင်ကြ၏။
6. သခင်ယေရှုက ``ထိုအမျိုးသမီးကိုရှိစေတော့။ အဘယ်ကြောင့်သူ့ကိုနှောင့်ယှက်ကြသနည်း။ ငါ့ အားသူပြုသောအမှုသည်လျောက်ပတ်ပေ၏။-
7. ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေကြ ၏။ သင်တို့အလိုရှိသည့်အခါတိုင်းသူတို့အား ကျေးဇူးပြုနိုင်ကြ၏။ ငါမူကားသင်တို့နှင့် အမြဲရှိနေသည်မဟုတ်။-
8. ဤအမျိုးသမီးသည်သူတတ်နိုင်သမျှငါ့ အားပြုစုလေပြီ။ ငါ၏ရုပ်အလောင်းကိုသင်္ဂြိုဟ် ရန် ကြိုတင်၍ဆီမွှေးနှင့်လိမ်းကျံလေပြီ။-
9. အမှန်အကန်သင်တို့အားငါဆိုသည်ကားသတင်း ကောင်းကြေညာရာ ကမ္ဘာအရပ်ရပ်တွင်ဤအမျိုး သမီးကိုအောက်မေ့သတိရကြစေရန် သူပြု ခဲ့သောကောင်းမှုကိုပြောကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
10. တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
11. ထိုသူတို့သည်သူလာရသည့်အကြောင်းကို ကြားသိသောအခါ ဝမ်းမြောက်သဖြင့်သူ့အား ငွေပေးရန်ကတိပြုကြ၏။ သို့ဖြစ်၍ယုဒ သည်ကိုယ်တော်အားရန်သူ့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာလျက်နေ၏။
12. ပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
13. ကိုယ်တော်ကတပည့်တော်နှစ်ယောက်အား ``သင်တို့ သည်မြို့ထဲသို့သွားကြ။ ရေအိုးထမ်းလာသူလူ တစ်ယောက်သည် သင်တို့ကိုကြိုဆိုလိမ့်မည်။-
14. ထိုသူ၏နောက်သို့လိုက်သွားကြလော့။ သူဝင်သော အိမ်မှအိမ်ရှင်အား ``ဆရာတော်နှင့်တပည့်များ ပသခါပွဲညစာကိုစားရန်အခန်းကားအဘယ် မှာနည်း'' ဟုဆရာတော်ကမေးကြောင်းပြော ကြလော့။-
15. သူသည်အထက်ထပ်ရှိအသင့်ပြင်ဆင်ခင်းကျင်း ထားသောအခန်းကြီးကိုသင်တို့အားပြလိမ့်မည်။ ယင်းအခန်းတွင်ငါတို့အတွက်ညစာကိုပြင် ကြလော့'' ဟုမိန့်မှာ၍စေလွှတ်တော်မူ၏။
16. ထိုတပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင် မြို့တွင်းသို့ဝင်ကြ၏။ မြို့ထဲသို့ရောက်သော အခါကိုယ်တော်မိန့်မှာတော်မူလိုက်သည့်အတိုင်း တွေ့၍ ပသခါညစာကိုအသင့်ပြင်ကြ၏။
17. ညချမ်းအချိန်ရောက်သော် ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးနှင့်အတူကြွလာတော်မူ၏။-
18. သူတို့သည်စားပွဲမှာထိုင်လျက်စားနေကြစဉ် သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့အနက်ငါနှင့်အတူစားနေ သူတစ်ဦးသည်ငါ့ကိုသစ္စာဖောက်လိမ့်မည်'' ဟု မိန့်တော်မူ၏။
19. တပည့်တော်တို့သည်စိတ်မချမ်းမသာဖြစ်ကြ လျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ်ဦး နောက်တစ်ဦးကိုယ်တော်အားမေးလျှောက်ကြ၏။