ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 14:1-12 Common Language Bible (BCL)

1. ပ​သ​ခါ​ပွဲ​နှင့်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျ​ရောက် ရန် နှစ်​ရက်​မျှ​အ​လို​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ကိုယ်​တော် ကို​တိတ်​တ​ဆိတ်​ဖမ်း​ဆီး​၍​သတ်​ရန်​နည်း လမ်း​ရှာ​ကြံ​လျက်​နေ​ကြ​၏။-

2. သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့် ပွဲ​တော်​ရက်​အ​တွင်း​၌ မ​ဖမ်း​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။

3. သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​၌ အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ဖူး​သူ​ရှိ​မုန်​၏​အိမ်​တွင်​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​စဉ်​အ​မျိုး သ​မီး​တစ်​ယောက်​သည် အ​လွန်​အ​ဖိုး​ထိုက် သော​နာ​ဒု​ဆီ​မွှေး​အ​စစ်​ကျောက်​ဖြူ​ဘူး ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း လောင်း​လေ​သည်။-

4. လူ​အ​ချို့​တို့​သည်​ဒေါ​သ​ထွက်​၍ ``အ​ဘယ် ကြောင့်​ဆီ​မွှေး​ကို​ဤ​သို့​အ​ကျိုး​မဲ့​ဖြုန်း​တီး ပါ​သ​နည်း။-

5. ဤ​ဆီ​မွှေး​ကို​ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​ကျော်​နှင့် ရောင်း​၍ ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကာ​အ​မျိုး​သ​မီး​ကို အ​ပြစ်​တင်​ကြ​၏။

6. သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့်​သူ့​ကို​နှောင့်​ယှက်​ကြ​သ​နည်း။ ငါ့ အား​သူ​ပြု​သော​အ​မှု​သည်​လျောက်​ပတ်​ပေ​၏။-

7. ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ​ကြ ၏။ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့် အ​မြဲ​ရှိ​နေ​သည်​မ​ဟုတ်။-

8. ဤ​အ​မျိုး​သ​မီး​သည်​သူ​တတ်​နိုင်​သ​မျှ​ငါ့ အား​ပြု​စု​လေ​ပြီ။ ငါ​၏​ရုပ်​အ​လောင်း​ကို​သင်္ဂြိုဟ် ရန် ကြို​တင်​၍​ဆီ​မွှေး​နှင့်​လိမ်း​ကျံ​လေ​ပြီ။-

9. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သ​တင်း ကောင်း​ကြေ​ညာ​ရာ ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ဤ​အ​မျိုး သ​မီး​ကို​အောက်​မေ့​သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု ခဲ့​သော​ကောင်း​မှု​ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

10. တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော​ယု​ဒ ရှ​ကာ​ရုတ်​သည် ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့ အပ်​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ထံ​သို့​သွား​၏။-

11. ထို​သူ​တို့​သည်​သူ​လာ​ရ​သည့်​အ​ကြောင်း​ကို ကြား​သိ​သော​အ​ခါ ဝမ်း​မြောက်​သ​ဖြင့်​သူ့​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ယု​ဒ သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​လျက်​နေ​၏။

12. ပ​သ​ခါ​သိုး​သူ​ငယ်​ကို​သတ်​၍​ပူ​ဇော်​ရ​သော နေ့​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ နေ့​၌​တ​ပည့်​တော်​တို့​က ``အ​ရှင့်​အ​တွက်​ပ​သ​ခါ ပွဲ​ည​စာ​ကို အ​ကျွန်ုပ်​တို့​အ​ဘယ်​အ​ရပ်​သို့​သွား ၍​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 14