ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 13:26-36 Common Language Bible (BCL)

26. ထို​အ​ခါ​မိုး​တိမ်​များ​ထဲ​မှ​ကြီး​စွာ​သော တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​နှင့်​လူ သား​ကြွ​လာ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-

27. ထို​နောက်​လူ​သား​သည်​ကောင်း​ကင်​တ​မန်​များ ကို မြေ​ကြီး​စွန်း​မှ​ကောင်း​ကင်​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍ မိ​မိ​ရွေး ချယ်​ထား​သူ​တို့​ကို​စု​သိမ်း​တော်​မူ​လိမ့်​မည်။''

28. ``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို သင်​ယူ​ကြ​လော့။ ထို​အ​ပင်​တွင်​အ​ခက်​အ​လက် နု​ထွက်​၍ အ​ရွက်​နု​ထွက်​သော​အ​ခါ​နွေ​ကာ​လ နီး​သည်​ကို​သင်​တို့​သိ​ကြ​၏။-

29. ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး၊ တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-

30. အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​ခေတ်​လူ​တို့ သေ​လွန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-

31. ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ ၏​စ​ကား​တည်​လိမ့်​မည်။''

32. ``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် နေ့​ရက်​နာ​ရီ​ကို ခ​မည်း​တော်​မှ​တစ်​ပါး​အ​ဘယ် သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ​ကောင်း​ကင်​တ​မန် များ​လည်း​မ​သိ။-

33. ထို​နေ့​ရက်​ကာ​လ​သည်​အ​ဘယ်​အ​ခါ​ကျ​ရောက် မည်​ကို သင်​တို့​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။-

34. ဥ​ပ​မာ​ဆို​သော်​နိုင်​ငံ​ရပ်​ခြား​သို့​သွား​သူ​လူ တစ်​ယောက်​သည် မိ​မိ​၏​အိမ်​ကို​ငယ်​သား​များ လက်​တွင်​အပ်​ထား​ခဲ့​၏။ သူ​တို့​အား​ကိုယ်​စီ ကိုယ်​ငှ​လုပ်​ဆောင်​ရန်​တာ​ဝန်​ဝတ္တ​ရား​များ ကို​ပေး​အပ်​ခဲ့​၏။ တံ​ခါး​မှူး​အား​သ​တိ​နှင့် စောင့်​နေ​ရန်​မှာ​ထား​ခဲ့​၏။-

35. သင်​တို့​သည်​အိမ်​ရှင်​အ​ဘယ်​အ​ခါ​ကြွ​လာ​မည် ကို​မ​သိ။ ညဥ့်​ဦး​ယံ​၌​ကြွ​ကောင်း​ကြွ​လာ​ပေ​မည်။ သို့​မ​ဟုတ်​သန်း​ခေါင်​ယံ​အ​ချိန်​၌​သော်​လည်း​ကောင်း ကြက်​ဦး​တွန်​ချိန်​၌​သော်​လည်း​ကောင်း၊ မိုး​သောက် ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ​နိုင်​ပေ​သည်။-

36. သို့​ဖြစ်​၍​အိမ်​ရှင်​ရုတ်​တ​ရက်​ကြွ​လာ​သော​အ​ခါ သင်​တို့​အိပ်​ပျော်​နေ​သည်​ကို​မ​တွေ့​စေ​ရန်​သ​တိ နှင့်​စောင့်​နေ​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 13