ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 13:10-23 Common Language Bible (BCL)

10. ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​မ​ရောက်​မီ​သင်​တို့​သည် သ​တင်း​ကောင်း​ကို​လူ​အ​ပေါင်း​တို့​အား​ဟော ပြော​ကြေ​ညာ​ရ​ကြ​မည်။-

11. သင်​တို့​အား​ဖမ်း​ဆီး​၍​တ​ရား​ရုံး​ခုံ​ရုံး​သို့ ပို့​အပ်​ကြ​သော​အ​ခါ မည်​သို့​ပြော​ဆို​ရ​မည် ကို​ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။ ထို​ခ​ဏ​၌ မိ​မိ​တို့​စိတ်​တွင်​ပေါ်​လာ​သည့်​စ​ကား​များ​ကို သာ​လျှင် သင်​တို့​ပြော​ကြ​လော့။ ယင်း​စ​ကား​များ သည်​သင်​တို့​စ​ကား​များ​မ​ဟုတ်​ဘဲ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​စ​ကား​များ​ဖြစ်​လိမ့်​မည်။-

12. လူ​တို့​သည်​ညီ​အစ်​ကို​ချင်း​အား​သေ​စေ​ရန်​အပ် ကြ​လိမ့်​မည်။ အ​ဖ​သည်​လည်း​သား​အား​သေ​စေ ရန်​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​မိ​ဘ​များ ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။-

13. ငါ​၏​အ​တွက်​ကြောင့်​လူ​တိုင်း​ပင်​သင်​တို့​ကို​မုန်း လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သော​သူ​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။''

14. ``ထိတ်​လန့်​စက်​ဆုပ်​ဘွယ်​ကောင်း​သည့်​အ​ရာ​သည် မ​ရှိ​အပ်​သည့်​အ​ရပ်​တွင်​ရှိ​နေ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လိမ့်​မည်'' (စာ​ဖတ်​သူ​သည်​ဤ​အ​ချက် ကို​နား​လည်​ပါ​စေ) ``ထို​သို့​မြင်​ရ​ကြ​သော အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။-

15. အိမ်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အောက်​သို့​ဆင်း​၍ အိမ်​ထဲ​သို့​ဝင်​ပြီး​လျှင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ယူ​စေ​နှင့်။-

16. လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ကို​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-

17. ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​မိန်း​မ​နှင့် သား​သည်​မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။-

18. ထို​နေ့​ရက်​များ​သည်​ဆောင်း​ဥ​တု​၌​မ​ကျ ရောက်​ပါ​စေ​နှင့်​ဟု​ဆု​တောင်း​ကြ​လော့။-

19. လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန် မှ​စ​၍ အ​ဘယ်​ကာ​လ​၌​မျှ​ဤ​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို လူ​တို့​မ​ကြုံ​စ​ဖူး။ နောင်​ကာ​လ​၌​လည်း​တွေ့​ကြုံ ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-

20. ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ ကင်း​လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ကိုယ်​တော် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ အ​ဖို့​အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မူ​ပြီ။

21. ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်၊ မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​သော်​မ​ယုံ​ကြည်​နှင့်။-

22. မေ​ရှိ​ယ​အ​တု​အ​ယောင်​များ​နှင့်​ပ​ရော​ဖက် အ​တု​အ​ယောင်​များ​ပေါ်​လာ​လိမ့်​မည်။ သူ​တို့ သည်​ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန် အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​ကြ​လိမ့်​မည်။-

23. သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ငါ​ကြို​တင်​ဖော်​ပြ​ပြီ။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 13