ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 12:6-17 Common Language Bible (BCL)

6. ဥ​ယျာဉ်​ရှင်​မှာ​တစ်​ဦး​တည်း​သော​ချစ်​သား​ကို သာ​စေ​လွှတ်​ရန်​ကျန်​တော့​၏။ သို့​ဖြစ်​၍​သူ​သည် `ငါ့​သား​ကို​ထို​သူ​တို့​လေး​စား​ကြ​ရာ​၏' ဟု ဆို​လျက်​နောက်​ဆုံး​တွင်​မိ​မိ​၏​သား​ကို​စေ​လွှတ် လိုက်​၏။-

7. သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ။ သူ့​ကို သတ်​ကြ​ကုန်​အံ့။ သို့​မှ​သာ​ဥ​ယျာဉ်​ကို​ငါ​တို့ ရ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​လျက်၊-

8. သူ့​ကို​ဖမ်း​၍​သတ်​ပြီး​လျှင်​ဥ​ယျာဉ်​အ​ပြင် သို့​ထုတ်​ပစ်​လိုက်​ကြ​၏။

9. ``ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​အ​ဘယ်​သို့​ပြု​လိမ့် မည်​နည်း။ သူ​သည်​လာ​၍​ခြံ​သ​မား​များ​ကို သုတ်​သင်​ဖျက်​ဆီး​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို အ​ခြား​သူ​တို့​အား​ပေး​အပ်​လိမ့်​မည်။

10. `တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည်အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏။

11. ဤ​အ​မှု​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏၊ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ'ဟူ​သော​ကျမ်း​စကား​ကို​သင်​တို့​မ​ဖတ်​ဖူး​ကြ ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

12. ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့ ကို​ရည်​ဆောင်​၍ ဤ​ပုံ​ဥ​ပ​မာ​ကို​မိန့်​တော်​မူ ကြောင်း​သိ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​ကို ကြောက်​သော​ကြောင့်​အ​ထံ​တော်​မှ​ထွက်​သွား ကြ​၏။

13. ထို​နောက်​သူ​တို့​သည်​ဖာ​ရိ​ရှဲ​အ​ချို့​နှင့် ဟေ​ရုဒ် ပါ​တီ​ဝင်​အ​ချို့​တို့​ကို​အ​ထံ​တော်​သို့​စေ​လွှတ် ကြ​၏။-

14. ထို​သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ရှင်​သည်​မှန်​သော​စ​ကား​ကို​သာ​ပြော​တတ် ပါ​၏။ လူ​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သည်​ကို အ​ရေး​မ​စိုက်။ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ​ဘု​ရား သ​ခင်​၏​တ​ရား​လမ်း​ကို​ဟုတ်​မှန်​သည့်​အ​တိုင်း သွန်​သင်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ ရော​မ​ဧ​က​ရာဇ်​မင်း​အား​အ​ခွန်​ဆက်​အပ်​ပါ သ​လော၊ မ​ဆက်​အပ်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ သည်​အ​ခွန်​ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည် လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။

15. ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​ကြောင့် အ​ပြစ်​ရှာ​လို​ကြ​သ​နည်း။ ဒင်္ဂါး​တစ်​ပြား​ကို​ငါ ကြည့်​ဖို့​ယူ​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

16. သူ​တို့​ယူ​ခဲ့​ကြ​လျှင်​ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့ ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု​မေး​တော်​မူ​၏။သူ​တို့​က ``ဧ​က​ရာဇ်​မင်း​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​မင်း​၏ ကမ္ပည်း​လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။

17. သ​ခင်​ယေ​ရှု​က ``ဧ​က​ရာဇ်​မင်း​ပိုင်​သည့်​အ​ရာ​ကို ဧ​က​ရာဇ်​မင်း​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင် သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​လျှင်​သူ​တို့​သည် အံ့​သြ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 12