27. ထိုအရှင်သည်သေလွန်သူတို့၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့သည်လွန်စွာမှအယူလွဲလျက်နေကြ လေပြီတကား'' ဟုမိန့်တော်မူ၏။
28. ယင်းသို့သခင်ယေရှုနှင့်ဇဒ္ဒုကဲတို့အခြေအတင် ပြောဆိုနေကြစဉ် ကျမ်းတတ်ဆရာတစ်ယောက်သည် အနီးအပါး၌ရှိနေ၏။ သူတို့အားသခင်ယေရှု လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုကြား သဖြင့် ရှေ့တော်သို့လာ၍ကိုယ်တော်အား ``ပညတ် ရှိသမျှတို့တွင်အဘယ်ပညတ်သည်အကြီးမြတ် ဆုံးဖြစ်ပါသနည်း'' ဟုမေးလျှောက်ကြ၏။
29. သခင်ယေရှုက `အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရား ဖြစ်တော်မူ၏။-
30. သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှဖြင့်ချစ်ရမည်' ဟူသောပညတ်သည် ပထမအကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
31. `အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်' ဟူ သောပညတ်သည်ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက်ပို၍ကြီး မြတ်သောပညတ်ကားမရှိ'' ဟုဖြေကြားတော် မူ၏။
32. ကျမ်းတတ်ဆရာက ``ဆရာတော်၊ အရှင်မိန့်တော်မူ ချက်သည်သင့်မြတ်လှပါ၏။ ထာဝရဘုရားသည် တစ်ဆူတည်းသာရှိတော်မူ၏။ ထာဝရဘုရားမှ တစ်ပါးအခြားဘုရားမရှိ။-