ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 12:16-21 Common Language Bible (BCL)

16. သူ​တို့​ယူ​ခဲ့​ကြ​လျှင်​ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့ ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု​မေး​တော်​မူ​၏။သူ​တို့​က ``ဧ​က​ရာဇ်​မင်း​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​မင်း​၏ ကမ္ပည်း​လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။

17. သ​ခင်​ယေ​ရှု​က ``ဧ​က​ရာဇ်​မင်း​ပိုင်​သည့်​အ​ရာ​ကို ဧ​က​ရာဇ်​မင်း​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင် သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​လျှင်​သူ​တို့​သည် အံ့​သြ​ကြ​၏။

18. သေ​ခြင်း​မှ​ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟု​အ​ယူ ရှိ​သော​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍၊-

19. ``ဆ​ရာ​တော်၊ `လူ​တစ်​စုံ​တစ်​ယောက်​သည်​သား​သ​မီး မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့​သည့်​ဇ​နီး​ကို​ညီ ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ​မည်။ အစ်​ကို​၏​အ​မျိုး အ​နွယ်​ကို​သူ​၏​ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု အ​ကျွန်ုပ်​တို့​အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-

20. အ​ခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော်​လည်း​သား သ​မီး​မ​ရ​ဘဲ၊-

21. သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး​သည် မ​ရီး ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို​ညီ​သည်​လည်း သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။ ထို​နည်း​တူ​ဒု​တိ​ယ ညီ​သည်​လည်း​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 12