ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 11:24-30 Common Language Bible (BCL)

24. သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​ကို​မု​ချ​ရ​မည် ဟု ယုံ​ကြည်​ကြ​လျှင်​တောင်း​လျှောက်​သ​မျှ​ကို ရ​ကြ​လိမ့်​မည်။-

25. သင်​တို့​သည်​ရပ်​လျက်​ဆု​တောင်း​သော​အ​ခါ သူ တစ်​ပါး​တို့​၏​အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​ရ ကြ​မည်။ သို့​မှ​သာ​လျှင်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော် မူ​သော​သင်​တို့​အ​ဖ​သည် သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-

26. (သင်​တို့​သည်​သူ​တစ်​ပါး​၏​အ​ပြစ်​များ​ကို မ​ဖြေ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ သော​သင်​တို့​အ​ဖ​သည်​သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်)'' ဟု​တ​ပည့် တော်​တို့​အား​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။

27. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​တစ်​ဖန်​ရောက်​ရှိ​ကြ​ပြန်​၏။ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင်​စင်္ကြံ​ကြွ​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍၊-

28. ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ပြု​တော်​မူ​ပါ​သ​နည်း။ ထို အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား​အ​ဘယ်​သူ​အပ် နှင်း​ပါ​သ​နည်း'' ဟု​လျှောက်​ထား​မေး​မြန်း ကြ​၏။

29. သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​တစ်​ခု​မေး​မည်။ သင်​တို့​ဖြေ​ပြီး​မှ​ဤ​အ​မှု​အ​ရာ​များ​ကို အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ပြော​မည်။-

30. ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ယော​ဟန်​ပေး​သည်​မှာ​ဘု​ရား သ​ခင်​၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော။ လူ​တို့​၏ အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 11