19. နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။
20. နောက်တစ်နေ့နံနက်စောစောအချိန်၌ ကိုယ်တော် နှင့်တပည့်တော်တို့သည်လမ်းတွင်လျှောက်သွားကြ စဉ် သင်္ဘောသဖန်းပင်ကိုမြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍တစ်ပင်လုံးခြောက်သွေ့ညှိုးနွမ်း လျက်နေ၏။-
21. ပေတရုသည်သတိရ၍ ``အရှင်ဘုရား၊ ကြည့် တော်မူပါ၊ အရှင်ဒဏ်ခတ်ခဲ့သောသင်္ဘောသဖန်း ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားချေပြီ'' ဟု လျှောက်၏။
22. သခင်ယေရှုက ``ဘုရားသခင်အားယုံကြည် ကိုးစားကြလော့။-
23. အမှန်အကန်သင်တို့အားငါဆိုသည်ကား မိမိ စိတ်နှလုံးအတွင်းတွင်ယုံမှားခြင်းမရှိဘဲ မိမိ ပြောဆိုသည်အတိုင်းဖြစ်လိမ့်မည်ဟုယုံကြည်သော သူသည် ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ် ထဲသို့ဆင်းသက်လော့' ဟုဆိုလျှင်ထိုသူဆိုသည် အတိုင်းဖြစ်လိမ့်မည်။-
24. သို့ဖြစ်၍သင်တို့အားငါဆိုသည်ကား သင်တို့သည် မိမိတို့တောင်းလျှောက်သည့်အရာကိုမုချရမည် ဟု ယုံကြည်ကြလျှင်တောင်းလျှောက်သမျှကို ရကြလိမ့်မည်။-