ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 10:27-42 Common Language Bible (BCL)

27. သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​စေ့​စေ့​ကြည့်​တော်​မူ ၍ ``ဤ​အ​မှု​ကို​လူ​မ​တတ်​နိုင်​သော်​လည်း​ဘု​ရား သ​ခင်​တတ်​နိုင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

28. ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​တို့​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့ ကြ​ပါ​ပြီ'' ဟု​ကိုယ်​တော်​အား​လျှောက်​ထား​၏။

29. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ငါ့​အ​တွက်​လည်း​ကောင်း၊ ဧဝံ​ဂေ​လိ​တရား​အတွက် လည်း​ကောင်း၊ အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​ကို​စွန့်​သော​သူ​သည်၊-

30. ဤ​ဘ​ဝ​၌​ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ​အ​ဆ​တစ်​ရာ မျှ​သော အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား သ​မီး​များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို့​ပြင်​နောင်​ဘ​ဝ ၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်။-

31. သို့​ရာ​တွင်​အ​ဦး​ဆုံး​ကျ​သူ​များ​သည်​နောက်​ဆုံး ကျ​လိမ့်​မည်။ နောက်​ဆုံး​ကျ​သူ​အ​များ​က​လည်း အ​ဦး​ဆုံး​ကျ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

32. သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက်​နေ ကြ​စဉ် ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ရှေ့​က ကြွ​တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​၏။ နောက်​တော်​မှ​လိုက်​လာ သော​လူ​တို့​သည်​လည်း ကြောက်​လန့်​လျက်​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​ကို မ​လှမ်း​မ​ကမ်း​သို့​တစ်​ဖန်​ခေါ်​သွား​တော်​မူ​ပြီး လျှင် မိ​မိ​တွေ့​ကြုံ​ရ​မည့်​အ​မှု​အ​ရာ​များ​ကို ဖော်​ပြ​တော်​မူ​၏။-

33. ကိုယ်​တော်​က ``နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ယေ​ရု​ရှလင်​မြို့​သို့​ခ​ရီး​ပြု​လျက်​ရှိ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​သား​အား ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ သား​အား​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။-

34. လူ​မျိုး​ခြား​တို့​သည်​လူ​သား​အား​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။ ကြိမ်​ဒဏ်​ပေး​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက် ကြာ​သော​အ​ခါ​လူ​သား​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

35. ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​ပန်​ကြား​ချက် ကို​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

36. ကိုယ်​တော်​က ``သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။

37. သူ​တို့​က ``အ​ရှင်​ဘုန်း​တန်​ခိုး​နှင့်​စိုး​စံ​ရ​သော အ​ခါ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။

38. သ​ခင်​ယေ​ရှု​က ``သင်​တို့​ပန်​ကြား​နေ​သည့်​အ​ရာ ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​သောက်​ရန်​နှင့် ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​စွမ်း​နိုင်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

39. သူ​တို့​က ``အ​ကျွန်ုပ်​တို့​တတ်​စွမ်း​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ​သောက်​ရ​မည့် ခွက်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ ကို​လည်း​ခံ​ရ​ကြ​လိမ့်​မည်။-

40. သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ် ကို​မူ ငါ​သည်​မ​ပေး​ပိုင်။ ဤ​အ​ခွင့်​အ​ရေး​များ သည်​ဘု​ရား​သ​ခင်​စီ​မံ​ပြင်​ဆင်​ထား​သူ​များ အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

41. ဤ​အ​ကြောင်း​အ​ရာ​ကို​အ​ခြား​တ​ပည့်​တော် ဆယ်​ဦး​တို့​ကြား​သိ​ကြ​သော​အ​ခါ ယာ​ကုပ် နှင့်​ယော​ဟန်​တို့​ကို​စိတ်​ဆိုး​ကြ​၏။-

42. ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ ကို​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ် ကြ​၏။ အ​ကြီး​အ​ကဲ​တို့​သည်​အာ​ဏာ​ကို သုံး​တတ်​ကြ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 10