ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 1:8-16 Common Language Bible (BCL)

8. ငါ​သည်​သင်​တို့​အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။ ထို​အ​ရှင်​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့'' ဟု လူ​တို့​အား​ဟော​ပြော​လေ​သည်။

9. ထို​နောက်​များ​မ​ကြာ​မီ​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​မှ​ကြွ​လာ​တော်​မူ​၍ ယော်​ဒန်​မြစ် တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​တော်​မူ​သည်။-

10. ရေ​မှ​တက်​တော်​မူ​စဉ်​မိုး​ကောင်း​ကင်​ကွဲ​ဟ​၍ မိ​မိ အ​ပေါ်​သို့​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ဆင်း​သက်​သည်​ကို​မြင်​တော်​မူ​၏။-

11. ကောင်း​ကင်​မှ​လည်း ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး ရာ ငါ​၏​ချစ်​သာ၈​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။

12. ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​ကို တော​ကန္တာ​ရ​သို့​ပို့​ဆောင်​တော်​မူ​၏။-

13. တော​ကန္တာ​ရ​တွင်​စာ​တန်​သည်​ကိုယ်​တော်​အား အ​ရက် လေး​ဆယ်​ပတ်​လုံး​စုံ​စမ်း​သွေး​ဆောင်​လေ​သည်။ ထို အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လည်း​ရှိ​၏။ သို့​ရာ တွင်​ကောင်း​ကင်​တ​မန်​တို့​သည်​လာ​၍ ကိုယ်​တော် ကို​လုပ်​ကျွေး​ကြ​၏။

14-15. ယော​ဟန်​အ​ကျဉ်း​ခံ​ရ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့​ကြွ​လာ​၍ ``ချိန်း​ချက်​တော်​မူ​ရာ အ​ချိန်​ကျ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် လု​နီး​ပြီ။ နောင်​တ​ရ​၍​သ​တင်း​ကောင်း​ကို​ခံ​ယူ ယုံ​ကြည်​ကြ​လော့'' ဟု​ဘု​ရား​သ​ခင်​ထံ​မှ သ​တင်း​ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။

16. ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ကမ်း​ခြေ​တွင်​လျှောက်​သွား တော်​မူ​စဉ် ရှိ​မုန်​နှင့်​ညီ​အန္ဒြေ​ကို​မြင်​တော်​မူ​၏။ သူ​တို့ သည်​တံ​ငါ​သည်​များ​ဖြစ်​သည်​အ​လျောက် အိုင်​ထဲ တွင်​ကွန်​ပစ်​နေ​ကြ​သ​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 1