28. ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
29. ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တရားဇရပ်မှထွက်ခွာ၍ ရှိမုန်နှင့်အန္ဒြေ၏အိမ်သို့ ကြွတော်မူ၏။ ယာကုပ်နှင့်ယောဟန်တို့လည်း လိုက်ပါသွားကြ၏။
30. ရှိမုန်၏ယောက္ခမမိန်းမသူသည်အိပ်ရာပေါ်တွင် ဖျားလျက်ရှိ၏။ သူ၏အကြောင်းကိုကိုယ်တော်အား ချက်ချင်းပင်လျှောက်ထားကြ၏။-
31. ကိုယ်တော်သည်သူ့ထံသို့သွား၍လက်ကိုကိုင်ဆွဲ ထူမတော်မူ၏။ ထိုအခါသူသည်အဖျားပျောက် ၍ဧည့်သည်ဝတ်ကိုပြုလေ၏။-
32. နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။-
33. တစ်မြို့လုံးမှလူတို့သည် အိမ်တံခါးဝတွင် လာရောက်စုရုံးလျက်ရှိနေကြ၏။-
34. ကိုယ်တော်သည်ရောဂါအမျိုးမျိုးစွဲကပ်သူ အမြောက်အမြားကို ကျန်းမာစေတော်မူ၏။ များစွာ သောနတ်မိစ္ဆာတို့ကိုနှင်ထုတ်တော်မူ၏။ ထိုနတ်တို့သည် ကိုယ်တော်မည်သူဖြစ်ကြောင်းကိုသိကြ၏။ သို့ဖြစ် သောကြောင့်ကိုယ်တော်သည် သူတို့အားစကား ပြောခွင့်ပေးတော်မမူ။
35. နောက်တစ်နေ့မိုးမလင်းမီကိုယ်တော်သည်အိပ်ရာ မှထတော်မူ၏။ ထိုနောက်ဆိတ်ငြိမ်ရာအရပ်သို့ ထွက်ကြွတော်မူပြီးလျှင် ဆုတောင်းပတ္ထနာပြုတော် မူ၏။-
36. ရှိမုန်နှင့်အပေါင်းဖော်များသည်ကိုယ်တော်ကို လိုက်ရှာကြ၏။-
37. တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။