ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 1:21-37 Common Language Bible (BCL)

21. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့ ရောက်​လာ​ကြ​၏။ ဥ​ပုသ်​နေ့​၌​သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

22. ကိုယ်​တော်​သည်​ကျမ်း​တတ်​ဆ​ရာ​တို့​သွန်​သင်​သ​ကဲ့​သို့ မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​သူ​ကဲ့​သို့​သွန်​သင်​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို​အံ့​သြ ကြ​၏။

23. ထို​အ​ချိန်​၌​တ​ရား​ဇ​ရပ်​ထဲ​တွင် ညစ်​ညမ်း​သော​နတ် ပူး​ဝင်​နေ​သူ​တစ်​ဦး​ရှိ​၏။-

24. ထို​သူ​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ် တို့​အား​အ​ဘယ်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ် တို့​အား​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ပေ​တည်း'' ဟု​ဟစ်​အော်​၏။

25. သ​ခင်​ယေ​ရှု​က ``ဆိတ်​ဆိတ်​နေ​လော့။ ထွက်​ခဲ့ လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။-

26. ညစ်​ညမ်း​သော​နတ်​သည်​လူ​ကို​ပြင်း​စွာ​တုန်​တက် စေ​ပြီး​လျှင် ကျယ်​စွာ​ဟစ်​အော်​၍​ထွက်​ခွာ​သွား​၏။-

27. လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ အ​ချင်း​အ​ရာ​ကား​အ​ဘယ်​သို့​နည်း။ သြ​ဝါ​ဒ​သစ် တစ်​မျိုး​ပေ​လော။ သူ​သည်​ညစ်​ညမ်း​သော​နတ်​များ​ကို အာ​ဏာ​နှင့်​အ​မိန့်​ပေး​၍ နတ်​တို့​က​လိုက်​နာ​ကြ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

28. ချက်​ချင်း​ပင်​ကိုယ်​တော်​၏​သ​တင်း​သည် ဂါ​လိ​လဲ ပြည်​တစ်​ပြည်​လုံး​ရှိ​ကျေး​လက်​တော​ရွာ​အ​ပေါင်း သို့​ပြန့်​သွား​လေ​သည်။

29. ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍ ရှိ​မုန်​နှင့်​အန္ဒြေ​၏​အိမ်​သို့ ကြွ​တော်​မူ​၏။ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​လည်း လိုက်​ပါ​သွား​ကြ​၏။

30. ရှိ​မုန်​၏​ယောက္ခ​မ​မိန်း​မ​သူ​သည်​အိပ်​ရာ​ပေါ်​တွင် ဖျား​လျက်​ရှိ​၏။ သူ​၏​အ​ကြောင်း​ကို​ကိုယ်​တော်​အား ချက်​ချင်း​ပင်​လျှောက်​ထား​ကြ​၏။-

31. ကိုယ်​တော်​သည်​သူ့​ထံ​သို့​သွား​၍​လက်​ကို​ကိုင်​ဆွဲ ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​သည်​အ​ဖျား​ပျောက် ၍​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။-

32. နေ​ဝင်​၍​ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​သည်​များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။-

33. တစ်​မြို့​လုံး​မှ​လူ​တို့​သည် အိမ်​တံ​ခါး​ဝ​တွင် လာ​ရောက်​စု​ရုံး​လျက်​ရှိ​နေ​ကြ​၏။-

34. ကိုယ်​တော်​သည်​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​မြောက်​အ​မြား​ကို ကျန်း​မာ​စေ​တော်​မူ​၏။ များ​စွာ သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​နတ်​တို့​သည် ကိုယ်​တော်​မည်​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၏။ သို့​ဖြစ် သော​ကြောင့်​ကိုယ်​တော်​သည် သူ​တို့​အား​စ​ကား ပြော​ခွင့်​ပေး​တော်​မ​မူ။

35. နောက်​တစ်​နေ့​မိုး​မ​လင်း​မီ​ကိုယ်​တော်​သည်​အိပ်​ရာ မှ​ထ​တော်​မူ​၏။ ထို​နောက်​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ​ပြီး​လျှင် ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။-

36. ရှိ​မုန်​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ကိုယ်​တော်​ကို လိုက်​ရှာ​ကြ​၏။-

37. တွေ့​သော​အ​ခါ ``ကိုယ်​တော်​ကို​လူ​အ​ပေါင်း​တို့ ရှာ​နေ​ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 1