ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 9:24-31 Common Language Bible (BCL)

24. ငါ​တို့​သည်​ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​သော သူ​များ​ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို ခေါ်​ယူ​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​များ​အ​ထဲ မှ​သာ​မ​က လူ​မျိုး​ခြား​များ​အ​ထဲ​မှ လည်း​ခေါ်​ယူ​တော်​မူ​သ​တည်း။

25. ဟော​ရှေ​ကျမ်း​တွင်​ကိုယ်​တော်​ကငါ​၏​လူ​စု​တော်​မ​ဟုတ်​သူ​တို့​ကို `ငါ​၏​လူ​စု​တော်' ဟု​ငါ​ခေါ်​မည်။ငါ​မ​ချစ်​သော​လူ​မျိုး​ကို​ငါ​ချစ်​သော​လူ​မျိုး ဟု​ငါ​ခေါ်​မည်။

26. မည်​သည့်​အ​ရပ်​၌​မ​ဆို​သင်​တို့​သည် `ငါ​၏ လူ​စု​တော်​မ​ဟုတ်' ဟု​အ​ခေါ်​ခံ​ရ​သော​သူ​တို့​သည်`အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​များ' ဟု​အ​ခေါ်​ခံ​ရ​ကြ​လိမ့်​မည်''ဟူ​၍​မိန့်​တော်​မူ​ပေ​သည်။-

27. ဣသ​ရေ​လ​လူ​မျိုး​နှင့်​ပတ်​သက်​၍​ဟေ​ရှာ​ယ က ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပင်​လယ် ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​စေ​ကာ မူ သူ​တို့​အ​ထဲ​မှ​လူ​နည်း​စု​သာ​လျှင်​ကယ်​တင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

28. အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​ရှင်​သည်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​မ​ဆိုင်း​မ​တွ​ဘဲ အ​လျင်​အ​မြန်​တ​ရား​စီ​ရင်​တော်​မူ​မည်​ဖြစ် သော​ကြောင့်​တည်း'' ဟု​ကြွေး​ကြော်​ခဲ့​၏။-

29. ထို့​အ​ပြင် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​လူ​မျိုး​မ​ပျောက်​ကွယ်​သွား​စေ​ရန် ငါ​တို့​သား​မြေး​အ​ချို့​တို့​ကို​ချမ်း​သာ​ပေး တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည်​သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​၏​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ ကြ​လိမ့်​မည်'' ဟု​ယ​ခင်​က​ဟေ​ရှာ​ယ​ဖော်​ပြ ခဲ့​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။

30. ငါ​တို့​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ရန်​မ​ကြိုး ပမ်း​သော​လူ​မျိုး​ခြား​တို့​သည် ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​၏။-

31. သို့​ရာ​တွင်​ရွေး​ကောက်​တော်​မူ​ခြင်း​ကို​ခံ​ရ သော​လူ​စု​တော်​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​စေ​မည့်​တ​ရား​ဥ​ပ​ဒေ​ကို​ရှာ သော်​လည်း​မ​တွေ့​ရှိ​ကြ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 9